ep31

10.9K 314 0
                                    

Unicode

"Laxရေ Daddyဆီလာ"

တောက်တောက်ဖြင့်လမ်းလျှောက်လာတဲ့ကလေးငယ်ဟာမကြာခင်မှာဘဲDaxရင်ခွင်ထဲကိုတန်းတန်းမတ်မတ်ဝင်လာသည်။ကောက်ပွေ့ကာ ပွေ့ယမ်းမိတော့ တခစ်ခစ်ရယ်သံလေးတွေထွက်လာသည်။ရှေ့သွားနှစ်ချောင်းကပေါက်နေပြီး ခရမ်းသွယ်မျက်လုံးလေးတွေကလည်း ပိုပြီးတောက်ပလာသည်။တစ်နှစ်စွန်းရုံဘဲရှိတဲ့သားက ဘယ်အရာမဆိုအတတ်မြန်သည်။honeyရဲ့ထိန်းကျောင်းမှုအောက်မှာသားက ငယ်ငယ်လေးနဲ့တော်တော်ကို သိတတ်သည်။

"Laxရေ ထမင်းစားချိန်"

"မန်းမန်း"

honeyစကားကြောင့်သားကမန်းမန်းဟုအော်ကာ သူ့လက်ထဲကရုန်းထွက်နေတာကြောင့်Daxလက်ထဲကနေသားကိုချပေးလိုက်သည်။ဘေစင်ကိုလျှောက်သွားတဲ့ကလေးငယ်ဟာအရာအားလုံးကအလေ့အထိတစ်ခုလိုပင်၊honeyကသားကိုချီကာလက်ဆေးပေးသည်။

သားကလည်းသူ့လက်သေးသေးလေးအားနမ်းကြည့်ပြီးသူ့ပါးပါးလက်ထဲကဆင်းသည်။မကြာသူ့ထမင်းစားပွဲသေးသေးလေးမှာသွားထိုင်နေသည်။honeyကလည်း သားရှေ့မှာပန်ကန်လေးခုချပေးသည်။အသားဟင်းတစ်ခွက်ပါသည်။အရွက်ကြော်တစ်ခွက်ပါသည်။အရည်သောက်တစ်ခွက်ပါသည်။ဒီအရွယ်လေးမို့မစားတတ်မှာ စိတ်ပူစရာမရှိ တစ်နှစ်မပြည့်ခင်ထဲကသူ့ဘာသာစားတတ်အောင်honeyကသင်ထားပေးပြီးသား။ကလေးသဘာဝ သပ်သပ်ရပ်ရပ်တော့မစားနိုင်သေး ဘေးတွင်ဖိတ်ထားတာကိုတော့ရှင်းရတာပေါ့

"လူဆိုးကောင်လေး!"

"ဗျာ"

"သားကို Candyတွေသိပ်မကျွေးနဲ့"

Candyဆိုတဲ့အသံနဲ့သားရဲ့နားရွက်လေးတွေက ထောင်လာသည်။honeyစကားကိုနားလည်သည်ထင် မျက်လုံးဝိုင်းဝိုင်းလေးတွေကစားနေရင်းကြည့်နေသည်။ဖခင်နှစ်ယောက်ကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေသော်လည်းလက်ထဲကအမဲသားကြော်လေးက ပါးစပ်တစ်လုတ်

"သည်ကောင် နားလည်ပါပြီး"

"သားစားလို့ပြီးရင် လူဆိုးကောင်လေးဘဲပြောလိုက်တော့နော်"

အန်ယိမ်းဟန်စကားဆို သားကနားထောင်သော်လည်း နည်းနည်းခက်သည်။Daddyချစ်သားက သူ့Daddyတစ်ခွန်းဆိုတစ်ခွန်းဘဲ။ဘာလို့ဒီပါးပါးနဲ့လာတူနေမှန်းကိုမသိဘူး။ထမင်းစားပြီးသားကို သူ့Daddyလက်ထဲအပ်လိုက်ပြီး အင်္ကျီပါလဲပေးလိုက်သည်။ကိုယ်ကတော့ စားထားသမျှပန်ကန်တွေဆေးကြောနေလိုက်သည်။

DaxWhere stories live. Discover now