ep5

11.5K 348 9
                                    

Unicode

"အီးဟီး ဆရာလေးနဲ့မခွဲချင်ဘူး။"

"ဆရာလေး သားတို့ကိုမထားခဲ့ပါနဲ့ အီးဟီး ဗြဲ"

ခုမြင်နေရတာကတော့မူလတန်းကျောင်းမှာသူငယ်တန်းကလေးတွေဆရာကိုဖက်ကာငိုယိုနေခြင်းကိုမြင်တွေ့နေရခြင်းဖြစ်သည်။ကလေးများကအနက်ရောင်shirtနဲ့ဂျင်းဘောင်ဘီတွဲဝတ်ထားတဲ့ကောင်းလေးအားတင်းတင်းဖက်ကာအော်ငိုနေကြည်သည်။ထိုကလေးတစ်သိုက်ကိုကြည့်ပြီးကျောင်းရှိဆရာ/ဆရာမတွေရော၊ကျောင်းသားတွေရော၊ကျောင်းသားမိဘများကပါမျက်ရည်များလည်ကာစိတ်မကောင်းဖြစ်နေကြသည်။ဒီလိုစိတ်သဘောထားကောင်းပြီးကလေးတွေအပေါ်အလိုလိုက်ဆုံးမတက်တဲ့ဆရာကိုကလေးတွေကချစ်ကြသည်။ထိုဆရာလေးကသူတို့အားထားကာအဝေးတစ်နေရာကိုသွားရမည်ဆိုတော့ထားသွားတာကလွဲရင်ဘာမှမသိတဲ့ကလေးငယ်များငိုယိုကြသည်။

"မထားခဲ့ပါနဲ့။သားတို့လိမ်လိမ်မာမာနေပါ့မယ်"

ကလေးငယ်တွေကိုကြည့်ပြီးအန်ယိမ်းဟန်မျက်ရည်ကျချင်လာသည်။အမှန်ဆိုမခွဲချင်ပေမယ့်လူဆိုးကောင်လေးကသူအလုပ်တွေဒီမှာမရှိဘူးတဲ့တစ်ခြားနိုင်ငံတွေမှာဘဲရှိတာကြောင့်သူကိုပါခေါ်သွားဖို့ပြင်သည်။အန်ယိမ်းဟန်ငြင်းပေမယ့်လူဆိုးကောင်လေးနဲ့သူကတရားဝင်လက်ထက်ထားပြီးသားဖြစ်သည်။လူဆိုးကောင်လေးကသူမလိုက်ရင်တောင်အိပ်ဆေးနဲ့ခေါ်သွားမည်ဟုခန့်ထည်နဲ့စကားပြောရာတွင်နားစွန်ူနားဖျားကြားသောကြောင့်အန်ယိမ်းဟန်းမငြင်းတော့ဘဲဒီတိုင်းခေါင်းငြိမ့်လက်ခံခဲ့သည်။

တစ်ဖက်ကားပေါ်ကလူငယ်လေးမှာလည်း

"ခန့်ထည်honeyကိုသွားခေါ်လိုက်တော့။ဟိုကလေးကhoneyကိုဖက်ထားတာကြာပြီးငါသွားရင်သတ်ပွဲတွေဖြစ်ကုန်မယ်"

"Daxရာ ကလေးလေးကို........"

ခန့်ထည်တစ်ယောက်Daxရဲ့အေးစက်စက်အကြည့်ကြောင့်ကျောရိုးတွေပါထုံကျင်သွားသလိုခံစားလိုက်ရသည်။တည်တင်းနေတဲ့မျက်နှာကျကလုံးဝသဝန်တိုနေတာကိုဖော်ပြနေသည်။တစ်သက်လုံးအေးအေးစက်စက်နေလာတဲ့တဲ့သူကချစ်တက်လာတဲ့အခါကလေးတစ်ယောက်နဲ့တောင်သဝန်တိုတက်တာလား။ခန့်ထည်Daxကိုကြည့်ပြီးသူသာရည်းစားထားခဲ့ရင်ဒီလိုသဝန်တိုတက်တဲ့လူကိုဘယ်တော့မှထားမည်မဟုတ်ကြောင်းဆုံးဖြတ်လိုက်သည်။

DaxWhere stories live. Discover now