ep7

10.1K 282 9
                                    

Unicode

Diveaအမည်ရှိတဲ့Clubတွင်လူတွေစည်းကားနေသည်။ပုံမှန်ညတွေထက်ပိုပြီးစည်းကားနေသည်။ဘာလို့ဆိုနှစ်ပတ်လောက်ပျောက်ချင်မလှပျောက်သွားတဲ့Daxဆိုတဲ့နတ်ဆိုးဘုရင်ရောက်ရှိလို့နေသောကြောင့်ဖြစ်သည်။

မိန်းကလေးများမှာDaxနားဘယ်လိုကပ်ရမလဲစဉ်းစားနေကြသည်။ထိုထဲတွင်ယောကျာ်းလေးအချို့လဲပါဝင်သည်။နေ့လည်ထဲကဒီညDax Clubတက်မယ်လို့သတင်းလွှင့်ထားတာကြောင့်အကုန်လုံးကဒီclubကိုရောက်ရှိလို့နေသည်။သူတို့ကသတင်းသာကြားရပေမယ့်အခုချိန်ထိDaxကိုမတွေ့ကြသေး။

ဟုတ်ပါတယ်။Daxကိုယ်တိုင်Divea Clubမရောက်သေးတာဖြစ်သည်။

"Honey မအိပ်သေးဘူးလား"

"အင်း"

"မျက်လုံးတွေထိခိုက်ကုန်မှာပေါ့။အိပ်တော့နော်"

"လူဆိုးကောင်လေးကလည်းငါကြည့်ချင်သေးတာကို"

"နောက်နေ့မှကြည့်ပါလားနော်။ညနက်နေပြီးလေကွာ"

"ပြီးရော"

ကာတွန်းကားထိုင်ကြည့်နေတဲ့honeyအားDaxဘေးတွင်ငုတ်တုတ်ထိုင်ကာပြောနေခြင်း။ည11ထိုးနေပြီးကိုမအိပ်သေးသောhoneyကိုတုတ်ဖြင့်ရိုက်ပြီးအိပ်မှာလားမအိပ်ဘူးလားဆိုပြီးသာရိုက်လိုက်ချင်တယ်။ဒါတောင်အီလယ်လည်ဖြင့်ပြီးရောဆိုသည့်အသံထွက်လာခြင်း။ပုံမှန်ဆိုကိုယ်ပါဝင်ကြည့်ပေးလို့ရပေမယ်။ဒီညသွားစရာရှိတာကြောင့်honeyကိုမြန်မြန်သိပ်ရသည်။

"လူဆိုးကောင်လေးလည်းအိပ်နော်"

"Yes"

မျက်နှာသစ်လာတဲ့honeyမျက်နှာလေးကပကတိဖြူစင်နေသည်။ဘေးဆံပင်စလေးတွေကိုရေဆိုပြီးကပ်နေသည်။Pajamaအပြာလေးနဲ့honeyက24နှစ်ဆိုတာယုံဖွယ်မရှိလှအောင်လှလွန်းသည်။ရင်ခွင်ထဲကိုတိုးဝင်လာတဲ့အပြာရောင်ဂွမ်းလုံးလေးကိုတင်းနေအောင်ဖက်ထားလိုက်သည်။

အသက်ရှူသံမှန်လာတဲ့အခါမှhoneyကိုယ်လေးကိုမနိုးအောင်ဖြည်းဖြည်းချင်းရွေ့ပေးလိုက်သည်။ပြီးနောက်ခေါင်းအုံးနဲ့ဖိအိပ်တာမို့စူထွက်နေတဲ့ပါးဖောင်းဖောင်းနဲ့နှုတ်ခမ်းစူစူလေးကိုနှစ်ချက်ဖိနမ်းပြီးအခန်းပြင်ထွက်လိုက်သည်။အခန်းပြင်ထွက်လိုက်တာနဲ့အခန်းရှေ့မှာရပ်စောင့်နေတဲ့Dနဲ့Eကိုတွေ့လိုက်ရသည်။Aနဲ့ခန့်ထည်ကClubကိုတော့မလိုက်ပေ။

DaxWhere stories live. Discover now