ep14

7.7K 212 1
                                    

Unicode

"ဆရာ ဧည့်သည်ရောက်နေပါတယ်"

"ဟင် ဘယ် ဘယ်သူပါလိမ့်"

စရင်းကိုင်ဝန်ထမ်းမလေးရဲ့စကားကြောင့်အန်ယိမ်းဟန်အနည်းငယ်တွေဝေသွားရသည်။ဟုတ်သည်လေသည်နိုင်ငံမှာသူနဲ့သိတဲ့လူကDaxစံအိမ်ကလူတွေဘဲရှိသည်လေ။အဲ့လူတွေမပြောနဲ့အရမ်းယုံကြည်ရပါသည်ဆိုသောAEDသုံးယောက်နဲ့ခန့်ထည်ကိုတောင်လူဆိုးကောင်လေးကဒီကိုမလွှတ်။

"မင်းက"

"Sunlieကျွန်မနာမည်Sunlie"

"ဘာကိစ္စရှိလို့လည်း"

"ကိစ္စရှိမှလာရမှာလား"

"ဒီဘက်ကMr.Sunlieကအလုပ်မရှိပေမယ့်ကျွန်တော်ကတော့အလုပ်တွေရှိတာမို့မအားဘူးခင်ဗျ၊ကျွန်တော်တွေ့မယ့်အစားကျွန်တော်အမျိုးသားနဲ့တွေ့ပြီးပြောလိုက်တာအကောင်းဆုံးပါ။ဘာလိုဆိုကျွန်တော်တို့ကမနေ့ကမှတွေ့ဖူးတဲ့တစ်စိမ်းတွေမို့ပါ။"

"ဟက် Daxကတကယ့်ကျောက်ရိုင်းတုံးလေးကိုရထားတာဘဲ"

"Okဒီနေ့တော့ဒီလောက်ပါဘဲ။နောက်နေ့တော့ထပ်တွေ့ကြတာပေါ့အန်ယိမ်း အမ်း မောင်"

"တောက်!!"

မောင်ဆိုတဲ့အသုံးအနှုန်းကြောင့်အန်ယိမ်းဟန်တောက်ခက်လိုက်မိသည်။မောင့်ကိုဒုက္ခပေးချင်တာနဲ့ဘဲသူကိုကပ်လို့ရမယ်ထင်နေလားမသိ။ခက်တာကအန်ယိမ်းဟန်ဆိုတဲ့သူဖြစ်တည်မှုကလူဆိုးကောင်လေးကိုဒုက္ခမဖြစ်စေဘဲသုခဖြစ်စေတာဘဲ။

နောက်နေ့ထပ်တွေ့မယ်ဆိုသောစကားကြောင့်ဒီကိစ္စကိုလူဆိုးကောင်လေးနဲ့တိုင်ပင်ရမည်ဟုတွေးလိုက်သည်။ခုလောလောဆယ်တော့ကလေးတွေကိုစာသင်ရအုံးမယ်။

"Dax"

"တောက်!!တော်တော်အတင့်ရဲနေတာဘဲ"

Daxလက်ထဲကဓာတ်ပုံတွေနဲ့Videoကိုကြည့်ပြီးဒေါသထွက်သော်လည်းပြုံးမိသည်။Honeyအချစ်ကိုလည်းပိုပြီးယုံလာမိသည်။ကျွန်တော်အမျိုးသားဆိုသောစကားနဲ့Sunlieကိုပြုံးပြုံးလေးပြောသွားတာကအပြုံးကြောင့်နည်းနည်းသဝန်တိုမိပေမယ့်ကျေနပ်နေမိသည်။Honeyကိုအရင်ကတုံးတုံးအအလေးလို့ထင်ပေမယ့်Honeyကသိပ်တော်တဲ့ယောကျာ်းလေးတစ်ဦးဖြစ်ကြောင်းဒီရက်ပိုင်းသက်သေပြနေသည်။

DaxWhere stories live. Discover now