ep33

6.8K 196 3
                                    

Unicode

"နာမည်"

Dax သူအားပေစောင်း"ဖြင့်ကြည့်နေတဲ့ကောင်ကိုကြည့်ကာမေးလိုက်သည်။ဘယ့်နှယ်သူ့အသက်ကိုကယ်ပေးထားတာကိုမှအားမနာ။ကြည့်ပုံကတစ်စက်မှစောက်ချိုးမပြေ

"ချေဘင်းညတန်"

"ဟင်"

ဟင်ဆိုတဲ့အသံကDaxအပါအဝင်AEDသုံးယောက်လုံးရဲ့အသံဖြစ်သည်။

"နာမည်ကတစ်မျိုးဘဲနော်"

"ငါ့နာမည်ကိုဝေဖန်တဲ့လူအကုန်လုံးကိုလီးဘဲ"

"ဘာပြောတယ်"

"နားကန်နေလား
ငါ့နာမည်ကိုဝေဖန်တဲ့လူတွေအကုန်လုံးကိုလီးဘဲလို့ပြောတာလေ။မင်းတို့လေးယောက်ကထိပ်ဆုံးကဘဲ"

ဘယ်နေရာရောက်ရောက်နာမည်ပြဿနာသည်မပြီးနိုင်၊နဂိုထဲစိတ်ကမကြည်ရကြားထဲ၊ပွဲသိမ်းရော။အရင်ထဲကအကုန်လုံးဆဲချင်နေသူမို့အသက်ရှူချောင်သွားသလိုတောင်ခံစားလိုက်သည်။

"ဒီကောင်..ခု.. ခု.. ငါကိုဆဲ ဆဲလိုက်တာလား"

Daxစကားတွေထစ်အစွာထွက်သည်။ဘုရားစူးDaxဘဝမှာတစ်ခါမှအဆဲမခံရဖူးပေ။ခုလိုပေါ်တင်ကြီးဆဲခံလိုက်ရတဲ့အချိန်မှာဒေါသအစားအံ့သြခြင်းများစွာနဲ့ပါးစပ်အဟောင်းသားဟိုသုံးယောက်လုံးကလည်းDaxနဲ့အတူတူဘဲ

"အဟမ်း အဟင်း မင်းအသက်"

"ငါကိုဘယ်လိုကယ်ခဲ့တာလည်း"

Daxမျက်ခုံးတွေတွန့်ကွေးလိုက်သည်။ဒီကောင်လူစကားနားမလည်တာလား။မေးတာကိုမဖြေဘဲ

"ငါတို့ ဆေးလဲနေတုန်းကွင်းပြင်မှာသေနေလို့ခေါ်ခဲ့တာ"

"ဟေ့ကောင် မသေလို့မင်းရှေ့ငုတ်တုတ်ကြီးလေ"

"Aအဲ့ဒါမင်းကြောင့်
ဒီသူတောင်းစားကို ကယ်ဖို့မပြောခဲ့သင့်ဘူး"

ချေဘင်းညတန် ရှေ့ကငနဲ့စကားကြောင့်ဒေါသထောင်ခနဲ့။သတိရလာထဲကလူကိုစစ်လားမေးလားနဲ့တစ်စက်မှစောက်ချိုးမပြေ

"Daxရာ
အေးအေးလူးလူးပြောပါကွာ
ကဲ ငါ့ညီ အသက်အရင်ပြော"

Aသည်ကြားဝင်ဖြောင့်ဖျရသည်။ဒီကောင်လေးကြည့်ရတာဘာကိုမှအကြောက်အလန့်ရှိမယ့်ပုံမဟုတ်သလို၊Daxကိုလည်းအလျော့ပေးမယ့်ပုံမရ

DaxWhere stories live. Discover now