ep20

7.3K 200 3
                                    

Unicode

"Dax မင်းနောက်ကိုsunlieအဖေလိုက်နေတယ်"

"သူ့သမီးနောက်ကိုလိုက်ချင်နေတာနေမှာပေါ့"

"သူ့သမီးအတွက်နဲ့ပိုင်လုံးဘဝနဲ့တောင်နေနိုင်ခဲ့တာ။ခုလိုဖြစ်သွားတော့သူတော်တော်တင်းနေရှာမှာ ကျွတ် ကျွတ်"

"ဟက်"

Dရဲ့စကားကိုအားလုံးကိုရီလိုက်ကြသည်။စိတ်ထဲမှာလည်းဒီကောင်မင်းသားလုပ်လို့ရတယ်ဆိုပြီးတွေးမိသွားကြတာလည်းပါသည်။

"Dax မင်းဘယ်လိုလုပ်မှာလည်း"

"ရှင်းလိုက်"

အေးစက်စက်အသံကအရင်တိုင်း။ပြောင်းလဲမှုတစ်စက်မှမရှိ။

"Dax ဒီနေ့ကိုကြီးခန့်ထည်နဲ့စျေးဝယ်ထွက်တယ်"

"အင်း လူလွှတ်ထားလိုက်"

တစ်ဖက်စျေးဝယ်ထွက်တဲ့နှစ်ယောက်မှာလည်း

"ခန့်ထည် ဒီခေါက်ဆွဲထုတ်လေးလုပ်စားရအောင်"

အန်ယိမ်းဟန် ခန့်ထည်ကိုလှည့်ကာမေးသော်လည်းခန့်ထည်တစ်ယောင်အာရုံထဲမှာဘာမှမရှိဘူး။သူ့ဖုန်းနဲ့သာအချိန်ကုန်နေသည်။

"ခန့်ထည်"

"ဟင် "

"ဘာတွေကြည့်နေတာလဲ"

"ဘာမှမကြည့်ပါဘူး"

"ခန့်ထည် လိမ်နေတာ"

အန်ယိမ်းဟန်ခပ်တည်တည်ပြောတော့ခန့်ထည်တစ်ယောက်ပြုံးပြလာသည်။

"တကယ်တော့ ငါ ငါ....
ကောင်မလေးရနေပြီး"

ခန့်ထည်အရဲစွန့်ကာပြောလိုက်သည်။သူ့အသက်သည်လည်းမငယ်တော့တာမို့

Daxတို့ကိုမပြောရဲလို့တိတ်တိတ်လေးတွဲတာ7လကျော်ပြီး။ကိုယ့်အပေါ်ဆိုသိပ်အနွံတာခံတဲ့ကောင်မလေးကိုခန့်ထည်သိပ်ချစ်ရပါသည်။

နားလည်ပေးတက်တဲ့သူမ၊ခွင့်လွှတ်ပေးတက်တဲ့သူမ၊သူမလေးကခန့်ထက်3နှစ်ငယ်တာတောင်ကလေးမဆန်။အရာအားလုံးရင့်ကျက်စွာတွေးခေါ်တက်သည်။

ခန့်ထည်အတွက်ရည်စားဦးလေးလည်းဖြစ်အချစ်ဆုံးလေးလည်းဖြစ်တော့သိပ်ကိုသည်းသည်းလှုပ်ချစ်ရတဲ့ကောင်မလေးပေါ့

DaxWhere stories live. Discover now