ep12

8.8K 227 4
                                    

Unicode

နေကောင်းသွားပြီးနောက်honeyကအရင်လိုမဟုတ်တော့။Daxအကြောင်းကိုလည်းအရင်ကထက်ပိုသိလာသည်။ဥပမာ-သူတစ်ခုခုလုပ်ချင်ပြီးဆိုDaxကိုမောင်ဆိုပြီးချွဲတာတို့ဘာတို့ပေါ့။ဘာအမူအယာမှမရှိဘဲတစ်ပါးသူကိုစိုးရိမ်နေတဲ့မျက်နှာလေးကိုအကြိမ်ကြိမ်ရင်ခုန်ခဲ့တဲ့Daxနှလုံးသားကချစ်ရသူhoneyယခုလိုချွဲတော့နှလုံးသားပြုတ်ထွက်မတက်သဘောကျသည်။

"လူဆိုးကောင်လေး"

"ဗျာ.....အ့!"

လက်မောင်းကြွက်သားကိုကုန်းကိုက်တဲ့Honeyကြောင့်Daxအသံထွက်သည့်အထိအော်မိသွားသည်။ပုလဲဖြူလေးတွေကသိပ်ကိုထက်ပြီးချွန်မြနေသည်။

"အဲ့ဒါဗျာလို့ပြောလို့"

"honeyပြောတော့ ဗျာလို့ပြောရင်သည်ကောင့်ကိုအသည်းယားတယ်ဆို"

"အင်းလေ။အသည်းယားလို့ကိုက်တာပေါ့"

ပြောပြီးဟိုဘက်လှည့်သွားတဲ့honeyကိုDaxဆွဲချုပ်ကာနှုတ်ခမ်းပိစိလေးအားနမ်းရှိုက်လိုက်သည်။တစ်သက်လုံးစွဲလန်းလာတဲ့စီးကရက်တွေကhoneyနှုတ်ခမ်းနဲ့ယှဉ်ရင်ဘာမှသုံးလိုမရတဲ့အရာတစ်ခုလိုhoneyနှုတ်ခမ်းတွေကDaxအတွက်တန်ဖိုးကြီးမားသည်။

"အွန့်!ဖြည်းဖြည်းနမ်းပါ"

"ပြွတ်!"

ဖြည်းဖြည်းနမ်းလို့ပြောမှပိုပြီးကြမ်းကြမ်းတမ်းတမ်းနမ်းတဲ့လူဆိုးကောင်လေး။လူဆိုးကောင်လေးကလူဆိုးကောင်လေးပါဘဲဘယ်တော့မှပြောစကားနားမထောင်ဘူး။

အန်ယိမ်းဟန်သူနှုတ်ခမ်းကိုသကြားလုံးထင်နေတဲ့လူဆိုးကောင်လေးကြောင့်အလိုက်သင့်သာနေလိုက်သည်။သူရဲ့ငြင်းဆန်စကားကိုမကြားတော့လူဆိုးကောင်လေးရဲ့ပါးချိုင့်နှစ်ဖက်လုံးရေးရေးလေးပေါ်သွားတာကိုမြင်ရသည်။

"ပြွတ်!"

"နှုတ်ခမ်းပေါက်သွားပြီးလားမသိဘူး"

အန်ယိမ်းဟန်သူနှုတ်ခမ်းကိုသွားဖြင့်တစ်ချက်ဖိကိုက်ပြီးမှလွှတ်ပေးတဲ့လူဆိုးကောင်လေးကြောင့်မျက်နှာစူပုတ်ပြီးနှုတ်ခမ်းထော်ကာပြောလိုက်သည်။

DaxWhere stories live. Discover now