ep2

15K 468 6
                                    

Unicode

"အမည်-အန်ယိမ်းဟန်။

အန်ယိမ်းဟန်တဲ့လား။နာမည်ကချစ်စရာလေးဘဲ။ဘာဘဲဖြစ်ဖြစ်ကိုယ်ကတော့Honeyဆိုတဲ့နာမည်ကိုHoneyတစ်ယောက်ထဲအတွက်ရည်ရွယ်ထားပြီးပြီ။

အသက်-24နှစ်

ကလေးမျက်နှာနဲ့လူကောင်သေးသေးလေးကသူထက်5နှစ်တောင်ကြီးတာလား။ကိုယ်ထက် ငယ်မယ်ထင်ပေမယ့်ကြီးနေတော့လည်း။

အလုပ်အကိုင်-မူလတန်းပြကျောင်းဆရာ

အင်းဒါကသူသိပြီးသားအရာ။"

Daxတစ်ယောက်honeyအကြောင်းစုံစမ်းထားသည့်ကိုကြည့်နေခြင်းပင်။Honey~အချစ်ဆိုတာဘာလဲဆိုတာမသိသလို။အယုံအကြည်လည်းမရှိခဲ့ဖူးဘူး။ဒါတွေကHoneyနဲ့မတွေ့ခင်အချိန်ကပေါ့။

မျက်နှာမြင်ယုံနဲ့တင်အေးစက်နေတဲ့Daxရဲ့နှလုံးသားကပူနွေးလာရသည်။လက်သေးသေးလေးကိုကိုင်လိုက်တဲ့အချိန်မှာနှလုံးသားကခုန်ပေါက်လွန်းလို့အပြင်ကိုတောင်ပေါက်ထွက်တော့မယ်ထင်မိသည်။Daxလို့လူမျိုးကHoneyလိုလူမျိုးကိုဘယ်လိုချစ်မိသွားတာလဲ။မသိဘူး။အဓိပ္ပာယ်မဖွဲ့နွဲ့တက်ဘူး။Honeyကကိုယ်အပိုင်။ဘယ်နည်းနဲ့ဖြစ်ဖြစ်Honeyကိုရအောင်ယူမည်။

"Daxသခင်ကြီးကသူအိမ်ကိုလာခဲ့ပါတဲ့"

"သွားမယ်"

ခုချက်ခြင်းထသွားတဲ့Daxကြောင့်ခန့်ထည်ခေါင်းသာခပ်ပြင်းပြင်းကုပ်လိုက်သည်။Daxကထိုသို့သောလူမျိုးဖြစ်သည်။သွားချင်ရင်လည်းချက်ခြင်း။ဘာလုပ်လုပ်သူစိတ်ထဲကဆုံးဖြတ်ချက်ချပြီးသွားရင်ချက်ချင်းကောက်လုပ်တက်သည့်အကျင့်ရှိသည်။ထိုအကျင့်ကခန့်ထည်လိုဗရုတ်သုတ်ခသမားနဲ့အဆင်မပြေ။ခန့်ထည်ကအလုပ်တစ်ခုခုလုပ်ရင်အချိန်ယူတက်သည်။သုံးရက်အချိန်ယူမယ်ဆိုရင်သုံးရက်ကွက်တိပြီးအောင်လုပ်သည်။Daxကကျအဲ့လိုမဟုတ်သုံးရက်အချိန်ရရင်နာရီပိုင်းနဲ့ပြီးအောင်လုပ်တက်သည်။ခုလည်းညနေ့မှသွားလို့ရပါရဲ့ခုချက်ချင်းထသွားသည်။

"မင်းအဝမှာဘဲနေခဲ့လိုက်။ငါချက်ချင်းပြန်လာခဲ့မယ်"

"ဟုတ်ကဲ့"

DaxWhere stories live. Discover now