ep17

7.2K 201 3
                                    

Unicode

အချိန်တွေကြာလာသည်။တစ်ရက်၊တစ်လ၊တစ်နှစ်

ဟုတ်သည်။သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ရတာတစ်နှစ်ရှိပြီး။ဘယ်အရာတွေကပြောင်းလဲသွားလဲဆိုရင်တော့အများကြီးဘဲပေါ့

လူဆိုးကောင်လေးလို့ခေါ်ခဲ့တဲ့ကောင်လေးကနာမည်နဲ့လိုက်အောင်သိပ်ဆိုးတာ

အရာရာသူ့အပြောအောက်မှာငြိမ်ဝပ်ပိပြားနေတတ်တဲ့သူကြောင့်ထင်ပါရဲ့

လူဆိုးကောင်လေးကလေ အရမ်းလည်တယ်။စကားတွေနဲ့အန်ယိမ်းဟန်ကိုသိပ်ချုပ်လွန်းတယ်။

လူဆိုးကောင်လေးကလေ
တစ်ခါတစ်လေကျတော့လိမ္မာသွားပြန်ရော

လူဆိုးကောင်လေးကလေ
တစ်ခါတစ်လေကျတော့ရိုင်းစိုင်းတယ်

လူဆိုးကောင်လေးကလေ
တစ်ခါတစ်လေတော့သူ့အပေါ်သိပ်ကလေးဆန်တယ်

လူဆိုးကောင်လေးကလေ
တစ်ခါတစ်လေအရမ်းမောက်မာတာ

လူဆိုးကောင်လေးကလေ
တစ်ခါတစ်လေအရမ်းအေးစက်လွန်းတယ်

လူဆိုးကောင်လေးကလေ
အရမ်းချစ်တာတက်တာ

လူဆိုးကောင်လေးကလေ
သူနဲ့ပက်သက်အရမ်းစိတ်ဆက်လွယ်တယ်

လူဆိုးကောင်လေးကလေ
အရမ်းသဝန်တိုတက်တာ

လူဆိုးကောင်လေးကလေ
အန်ယိမ်းဟန်ကိုဆိုမျက်စိအောက်ကအပျောက်မခံတက်ဘူး

လူဆိုးကောင်လေးကလေ
အရက်သောက်ရတာကြိုက်တယ်၊ဆေးလိပ်သောက်ရတာလည်းကြိုက်တယ်။သူမကြိုက်မှန်းသိလို့ပေါ်တင်မလုပ်ပေမယ့်ခိုးကြောင်ခိုးဝှက်တော့လုပ်သည်။

ပြောရရင်လူဆိုးကောင်လေးရဲ့အကြောင်းတွေကစာဖွဲ့လိုကုန်မှာတောင်မဟုတ်ပေ

သိပ်ဆိုးတဲ့ကောင်လေးကသူ့အလုပ်ကိစ္စနဲ့ဆိုပါးစပ်လုံးဝမဟ၊ဘာအလုပ်လည်းဆိုတာမသိ၊တစ်ခါတစ်လေညဘက်သူ့အိပ်တဲ့အချိန်တွေထသွားရသည့်အခါတွေရှိသည်။

ကျန်တဲ့လေးယောက်ကိုမေးတော့လည်းမဖြေကြ၊သိချင်စိတ်ထက်လူဆိုးကောင်လေးအဆင်ပြေပါစေဆိုတဲ့စိတ်လေးကပိုအလေးသာလို့လားမသိလူဆိုးကောင်လေးဘာလုပ်လုပ်အဆင်ပြေစေဆိုတဲ့ဆုလေးတော့တောင်းဖြစ်သည်။

DaxWhere stories live. Discover now