ep32

10.3K 272 4
                                    

Unicode

"က ခ ဂ ဃ င"

"သကြီး ထထွေး ရငယ် ရကြီး ရ"

"သကြီးမဟုတ်ဘူးကကြီး"

"ရကြီး"

"ကကြီး"

"ဂကြီး"

"ကကြီး"

"ကကြီး"

"Good ပါးရဲ့Laxလေးကတော်လိုက်တာ"

"ခစ်!"

Laxသည်အဂ်လိပ်လို့ဘဲတော်တော်များများပြောတာမို့အန်ယိမ်းဟန်မြန်မာစာလေးနည်းနည်းသင်ပေးဖြစ်သည်။ငယ်သေးတာမို့အတော်ခက်ခဲသည်။တစ်နှစ်ကျော်လေးကိုမသင်သင့်တာနားလ​ည်သော်လည်းကြီးလာရင်မြန်မာစကားကသူအတွက်ဆန်းဆန်းပြားပြားကြီးဖြစ်နေမှာဆိုးလို့လေ

"သား Daddyကိုသွားနှိုး"

"yes"

yes/noနှစ်လုံးDaddy/ပါးနှစ်လုံးသားပီပီသသသထွက်သည်။သူ့Daddyအခန်းထဲကိုဝင်သွားတဲ့သားကပြုံးပြုံးရယ်ရယ်ပင်

မနှိုးလို့လည်းမရတော့အချိန်က9နာရီကျော်နေပြီးမထသေးဘူး။ညကသောင်းကျန်ထားသူကမထ။

Aနဲ့အတူသွားအိပ်ရတဲ့သားကိုစိတ်မချလို့အန်ယိမ်းဟန်မှာမနက်စောစောထကာသားကိုသွားခေါ်ရသည်။Sundayဆိုပေမယ့်အလုပ်တွေတောင်လိုပုံနေတယ်ဟုပြောကာလေးယောက်လုံးအလုပ်သွားကြသည်။

အဲ့မှာဘာမှမလုပ်ဘဲအိမ်မှာအငြိမ်စားထိုင်စားနေသူကတစ်ယောက်ရှိသည်။ကလေးရသွားလို့ပိုလူကြီးလူကောင်းဆန်သွားမယ်ထင်ခဲ့ပေမယ့်ကလေးကိုပါကလေးဆန်နေတဲ့ကောင်လေးကြောင့်အန်ယိမ်းဟန်မှာရင်မောရချေ။

ဟိုလေးယောက်ကလည်းလူဆိုးကောင်လေးစိတ်ချမ်းသာတာသဘောကျသည်ထင်။ဘာဆိုဘာမှမပြော၊Aနဲ့Eဆိုလူဆိုးကောင်လေးဒါဆိုဒါဘဲ။ဟိုအတွဲကတော့နည်းနည်းခက်သည်။မလုပ်ပေးတာမဟုတ်ဘဲအားလပ်ချိန်မရှိလို့Dကပြန်ပြောရုံပါ

အခန်းဝကိုလှမ်းကြည့်တော့LaxလေးကသူDaddyကိုယ်ပေါ်မှာထခွထားပြီးလူဆိုးကောင်လေးကတော့မျက်လုံးမပွင့်သေး။အန်ယိမ်းဟန်ဘာမှမပြောတော့ဘဲသားဖနှစ်ယောက်အခြေအနေကိုစူးစမ်းလေ့လာလိုက်သည်။

DaxWhere stories live. Discover now