ep9

9.3K 256 2
                                    

Unicode

"မောင် ငါစာသင်ချင်တယ်"

"ဘာလို့လဲ"

"ဒီအတိုင်းအိမ်မှာတစ်ယောက်ထဲကျန်နေမယ့်အစားကငါလည်းအလုပ်လေးလုပ်ချင်တယ်။ဒီအိမ်မှာအကုန်လုံးကအလုပ်ကိုယ်စီရှိပေမယ့်ငါမှာမရှိဘူးလေ"

"မောင် honeyကိုမလုပ်စေချင်ဘူး။မောင့်ထက်သူများကိုပိုပြီးဦးစားပေးတာကိုမကြိုက်ဘူးhoney။မောင်ကhoneyနဲ့ပက်သက်ရင်အမြဲတမ်းပထမဆုံးဖြစ်ချင်တယ်"

"ငါမောင့်ကိုချစ်လားမချစ်လားဆိုတာမသိဘူးမောင်။
ဒါပေမယ့်ငါမောင့်နဲ့အတူရှိနေရင်ပျော်တယ်။မောင်နဲ့နမ်းရင်ရင်ဘက်ထဲကခုန်တယ်။မောင့်ရဲ့ကျီးစယ်တာမကျတကျစကားတွေကကငါရင်ထဲကကုလားဘုရားလှည့်နေသလိုတစ်ဒုံးဒုံးတစ်ဒိုင်ဒိုင်ဖြစ်စေတယ်။အဲ့တာတွေကငါမောင့်နဲ့တွေ့မှပထမဆုံးဖြစ်ဖူးတာ"

Daxမှာhoneyစကားရှည်ကြီးပြီးသွားတာနဲ့honeyအပေါ်ချစ်စိတ်တွေပိုများလာသည်။ကလေးတစ်ယောက်သူဖြစ်နေတဲ့အရာတွေကိုတစ်လုံးမကျန်ပြန်ပြောနေတာကအဖြူရောင်လေးလို့အစွန်းအထင်းမခံတဲ့သက်ရှိလူသားလေးတစ်ယောက်နှယ်

"ကောင်းပြီးလေ။မောင်ခွင့်ပြုတယ်"

"မောင် မင်းကငါမိဘတွေပြီးရင်ငါကိုပျော်အောင်လုပ်နိုင်တဲ့လူသားဘဲ။ကျေးဇူးပါ မောင်"

"ဒါပေမယ့် မောင်ကိုကတိလေးတွေတော့ပေး"

"ဟင် ကောင်းပြီးလေ"

"ကလေးတွေနဲ့အရမ်းမရောရဘူး။
ကလေးမိဘတွေနဲ့စကားပြောရင်လည်းမပြုံးပြရဘူး။
ကလေးတွေကိုhoneyအသားကိုမထိခိုင်းရဘူး။
ကလေးတွေကိုမပြုံးပြရဘူး။
ကလေးတွေ"

"လူဆိုးကောင်လေးကလည်း ကလေးပိစိလေးတွေကို"

"အခုခေတ်မှာအဲ့ပိစိတွေကကြောက်ဖို့အကောင်းဆုံးဘဲ"

အန်ယိမ်းဟန်ကလေးပိစိတွေကိုသင်ပေးမှာကိုလူဆိုးကောင်လေးကကြိုသိနေဟန်ပြောသည်။မူကြိုကလေးလေးတွေကိုသင်ဖို့အတွက်အန်ယိမ်းဟန်အကုန်လုပ်ပြီးသား။ဒါကလည်းခန့်ထည်ကူညီလို့ပင်။ခန့်ထည်ကလူဆိုးကောင်ကိုပြန်ပြောတာဖြစ်နိုင်သည်။

DaxWhere stories live. Discover now