ep4

11.5K 375 1
                                    

Unicode

"အာ ဘာလို့"

အန်ယိမ်းဟန်ရေချိုးအဝတ်အစားလဲပြီးထွက်လာတော့ကိုကိုကသဘက်တစ်ခုသာပတ်ထားသည်။ဘယ်ဘက်ရင်ဘက်တွင်ထိုးထားသောကျားခေါင်းပုံတက်တူးမှာသေသပ်လှပစွာနေရာယူထားသည်။ဟိန်းဟောက်နေတဲ့ကျားခေါင်းပုံတက်တူးမှာသရုပ်ပျက်သွားခြင်းမရှိဘဲပိုပြီးတော့ဆွဲဆောင်မှုရှိစေသည်။ဂုတ်နေရာတွင်Dဆိုတဲ့စာလုံးအားကနုတ်ပုံစံတွင်းထားသည်။ကျားပုံနဲ့အတူဘယ်လက်တစ်ချောင်းလုံးတွင်လည်းမြွေပုံတက်တူးကိုထိုးထားသည်။မနေ့ကလက်ရှည်suitကိုဝတ်ထားတို့မို့မမြင်ရပေမယ့်ခုသေချာမြင်ရသည်။

အန်ယိမ်းဟန်ကတက်တူးထိုးတဲ့လူတွေကိုသဘောမကျ။တက်တူးကပြန်ဖျက်လို့ရတဲ့အရာလည်းမဟုတ်။ကျောင်းဆရာတစ်ယောက်ဖြစ်တ့ဲသူကလူမိုက်တွေသာလုပ်တက်တဲ့တက်တူးထိုးခင်း၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်းတွေကိုမကြိုက်။သူရဲ့မနှစ်မြို့တဲ့မျက်လုံးတွေကိုမြင်တဲ့အခါ

"ဘာဖြစ်လို့လဲhoney"

"ဘာမှမဖြစ်ပါဘူး"

"ကိုယ့်ကလိမ်တဲ့လူတွေကိုမချစ်ဘူး"

"ဟွန့် သူကိုဘယ်သူကချစ်ခိုင်းနေလို့လဲ"

"ဘာပြောတယ်"

နှုတ်ခမ်းလေးဆူကာခပ်တိုးတိုးပြောလိုက်ပေမယ့်နားပါးတဲ့Daxကတော့ကြားဖြစ်အောင်ကြားလိုက်ပါတယ်။သူတက်တူးတွေကိုကြည့်မနှစ်မြို့တဲ့honeyကကျောင်းဆရာပီသပါတယ်။Daxခန္ဓာကိုယ်ကိုမကြိုက်သလိုhoneyကြောင့်စိတ်ထဲနည်းနည်းခုသွားပေမယ့်သူဂုဏ်းသားမှန်ရင်Dစာလုံးပုံတက်တူးကတော့မဖြစ်မနေထိုးရသည်၊ဒါတွေကိုရှင်းပြလည်းရှေ့ကငတုံးလေးကသိမှာမှမဟုတ်တာ။ရှင်းပြမနေတော့နောက်မှဖြည်းဖြည်းချင်းသွားဖို့စိတ်ကူးထားသည်။

"ဘာမှ မပြောပါဘူး။ကိုကိုရေချိုးမှာမဟုတ်လား။honeyစောင့်ပေးမယ်လေ"

"ရတယ်၊honeyအောက်ဆင်းနှင့်၊ရှေ့နေရောက်ပြီ။ကိုကိုပြီးတာနဲ့ဆင်းခဲ့မယ်"

"ဟို honeyကိုကို့ကိုစောင့်ပေးမယ်လေ"

အန်ယိမ်းဟန်တစ်ယေက်ထဲမသွားရဲတာကြောင့်ကိုကိုအားစောင့်ပေးမည်ဟုအတင်းပြောလိုက်သည်။တစ်ဖြည်းဖြည်းမျက်မှောင်ကျုံလာတဲ့ကိုကိုကြောင့်အန်ယိမ်းဟန်တံတွေးပင်မြိုချမိသည်။

DaxWhere stories live. Discover now