အပိုင်း (၂၂၄) နန်းတော်မှထွက်ခွာခြင်း(၁)
မုန်တိုင်းကကျော်ဖြတ်သွားပြီဖြစ်သည့်အတွက် ခန်းမက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ကျန်ရှိသောအဖွဲ့ဝင်များအားလုံးလည်း သက်ပြင်းချကြသည်။ သို့ရာတွင် သခင်မလုထွက်သွားပြီးနောက်တွင် သခင်မကြီးလုကလည်း လေးလေးလံလံသက်ပြင်းချပြီး ခေါင်းကိုခါသည်။ သည်ချွေးမဖြစ်သူက သူမကို အမြဲတစေ ခေါင်းကိုက်စေသည်။ နေမကောင်းသည်က ပိုကောင်းသည်ဟုပင် ခံစားမိစေတော့လေသည်။ ယခုမူကိစ္စများက ကိုင်တွယ်နိုင်စွမ်းကို ကျော်လွန်လာခဲ့သည်။
သူမက လုရှီမင်းကိုကြည့်ပြီးပြောသည်။
"မင်းရဲ့အကြီးဆုံးမရီးက အမြဲတမ်းဒီလိုပဲ ပြောထားတာတွေကိုမေ့လိုက်ပါ၊ စိတ်ထဲမထားပါနဲ့"
"အမေ ကျွန်တော်တို့ အကြီးဆုံးမရီးနဲ့မငြင်းပါဘူး"
လုရှီမင်က ခပ်ဖျော့ဖျော့သာပြုံးသည်။ ပုံမှန်အားဖြင့် သူက သည်လိုကိစ္စများကို စိတ်ထဲပင်မထားဘဲရှိသည်ဟုပင် သတ်မှတ်လိမ့်မည်မဟုတ်ပေ။ သို့သော် သူ၏အကြီးဆုံးမရီးက ပထမဆုံးအကြိမ် သူ ကျင့်သားရသလိုမဟုတ်သော အခြေအနေဖြစ်လာခဲ့သည်။ သို့ရာတွင် ကိစ္စက သူ၏ကလေးနှင့် ပတ်သက်လာမည် ဆိုလျှင် သူ ဘာကိုရင်ဆိုင်ရစေကာမူ အနည်းငယ်မျှ အမှားအယွင်းခံလိမ့်မည်မဟုတ်ပေ။
သခင်မကြီးလုကလည်း ခပ်တိုးတိုးသက်ပြင်းချပြီးနောက် ပြောလိုက်သည်။
"ဝမ်ဖေးက နန်းတော်ထဲမှာလည်း အရင်စိတ်သဘောထားအတိုင်းပဲနေနေတယ်၊ ဒီတစ်ကြိမ်မှာ ဧကရာဇ်က စွန့်ပစ်တာကိုခံလိုက်ရပြီ၊ နောက်ထပ်အမှားထပ်လုပ်မိလို့ပဲ ဖြစ်ရမယ်"
ချက်ချင်းဆိုသလို ဖေးရှီ၏အတွေးက နန်းတော်ထဲရောက်နေသော သမီးဖြစ်သူထံ ရောက်သွားပြီးနောက် စိုးရိမ်တကြီးမေးသည်။
"အမေ ယောင်ယောင်က နန်းတော်ထဲမှာပဲရှိနေသေးတယ်၊ ယောင်ယောင်လည်း သက်ရောက်ခံရနိုင်သလား"
သခင်မကြီးလုက တွေးတောကြည့်ပြီးနောက်ဖြေသည်။
"ယောင်ယောင်က မပါနိုင်ဘူး၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် ယောင်ယောင်က မယ်တော်ကြီးနဲ့အတူရှိနေတာ ဒီကိစ္စကိုသိမှာတောင် မဟုတ်ဘူး"