အပိုင်း ၂၆၂
ဒေါ်လေးချန်းက ယဲ့ကျန်းကို လေသံတိုးတိုးဖြင့်ရှင်းပြသည်။
"သူက ကျန်းမိသားစုက လူအိုကြီးကျန်းလေ၊ ဒီနေရာမှာ ဒီစေတီ စာကြည့်ဆောင်ကို စောင့်ကြပ် ပေးနေခဲ့တာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး၊ အရင်မင်းဆက် ကတည်းကတောင် ပြောလို့ရတယ်၊ သူက ဒီစေတီရဲ့ အစောင့်အရှောက်ပဲ"
မင်းဆက်ပြောင်းသွားသည့်တိုင်အောင် သည်စေတီ၏အစောင့်အရှောက်ကို မပြောင်းခဲ့သော အကြောင်းပြချက်ကမူ မရှင်းလင်းချေ။
ထီးနန်းကို ဆက်ခံပြီးနောက် မော့ရုန်ကျန်းက သူ၏ဘွဲ့နာမည်ကို ယွမ့်တင်းဟု သတ်မှတ်ခဲ့သည်။ သူက ကျင်းအင်ပါယာကို အမြစ်ပြတ်သုတ်သင်ပြီးခဲ့သည်မှာ ရာစုနှစ်တစ်ခုနီးပါးကြာခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် ကျင်းမင်းဆက် ဧကရာဇ်ဝူနှင့် ဧကရီချီယန်လင်းတို့၏ သဲလွန်စများကို နေရာတိုင်းတွင် မြင်နိုင်နေသေးသည်။
အဖိုးကြီးကျန်းက လက်နှစ်ဖက်ဖြင့် ကြေးနီသော့ကိုဖွင့်လိုက်ပြီးနောက် ယဲ့ကျန်းကို ပြောသည်။
"မင်း အထဲမှာဖတ်နိုင်တယ်၊ ဒါပေမဲ့ မင်း ဘယ်စာအုပ်ကိုမှ ခိုးယူလို့မရသလို ပျက်စီးအောင်လုပ်လို့လည်းမရဘူး၊ မင်း ညအခါ စာဖတ်ချင်ရင် ညအလင်းပုလဲလုံးတွေကိုပဲ အသုံးပြုနိုင်တယ်၊ ဆီမီးအိမ်တွေ သုံးခွင့်မပြုဘူး"
ယဲ့ကျန်းကလည်း ဒါက ဒီစေတီကိုကာကွယ်ရန်အတွက်ဖြစ်ကြောင်း နားလည်သည်။ အထဲတွင်လည်း အစေခံများက သည်နေရာတစ်ခုလုံးကို ထိန်လင်းအောင် မီးများကိုတပ်ဆင်ပေးပြီးသားဖြစ်သည်။ ညအလင်းပုလဲများက အလင်းရောင်ရသလို မီးလောင်စေနိုင်မည့်အန္တရာယ်မျိုးလည်းမရှိချေ။ ထို့ကြောင့် သူမက ပြန်တုန့်ပြန်လိုက်သည်။ ထိုလူအိုကြီးက စည်းမျဉ်းများပြောပြီးနောက် ထိုလူအိုကြီးကို နားလည်ကြောင်း ပြန်၍ပြောလိုက်သည်။
"ဒါဆိုရင်ဝင်တော့"
လူအိုကြီးကျန်းကပြောသည်။ ဒေါ်လေးချန်းက ယဲ့ကျန်းကိုကြည့်ပြီးပြောသည်။