အပိုင်း ၂၀၅
ထိုအချိန်တွင် ယဲ့ကျန်းက မင်းသားငယ်၏အာဟာရစာကိုပြင်ဆင်ရန်အတွက် စားဖိုဆောင်ငယ်ထဲတွင်ပြင်ဆင်ကာ အလုပ်များနေခြင်းဖြစ်သည်။ ဆန်ပြုတ်နှင့် ပတ်သက်ပြီး သူမ၏အနည်းငယ်သာရှိသော အတွေ့အကြုံကို သူမ၏ခန္ဓာကိုယ်ကို ကောင်းမွန်စွာ အားဖြည့်ပေးနိုင်သော လင်းချွမ်၏သက်ရောက်မှုကသာ ထိန်းထားခြင်း ဖြစ်သည်။ သို့သော် လင်းချွမ်၏သက်ရောက်မှုက များသွားမည်ကိုလည်းစိုးရိမ်ရသည်။ ယခုအခါ ထိုလင်းချွမ်က အမှန်တကယ်အကျိုးသက်ရောက်မှုရှိကြောင်း သိလိုက်ရသည့် အတွက် အသက်ရှူချောင်သွားပြီဖြစ်သည်။ သူမက သာမန်လူတစ်ယောက်လိုမျိုး အမျိုးမျိုးသောစားကောင်းသောက်ဖွယ်များကို လင်းချွမ်ထည့်၍ ပြင်ဆင်နိုင်သွားပြီ ဖြစ်သည်။
အပျော့သားသကြားကိတ်၊ ဆန်ပြုတ်အနည်းငယ်သာပါသော ဆန်ပြုတ်အိုးငယ် တစ်လုံး၊ အရိုးနှပ်ဟင်းရည်တစ်ခွက်နှင့် မင်းသားငယ် ဗိုက်ဆာသည့်အချိန်တိုင်း စားနိုင်ရန် မုန့်အချို့တို့အားလုံးဟာ သူမ၏သေးသွယ်သောလက်များမှတစ်ဆင့် ဖြစ်တည်လာတော့သည်။ အားလုံးထဲတွင် လင်းချွမ်က ပါသည်။ သူမက နန်းတော်တွင် နှစ်ရက်သာလျှင်နေရမည်ဖြစ်ပြီး သူမ တတ်နိုင်သမျှ ကုသပေးနိုင်ရန် မျှော်လင့်နေသည်။ သူမက မည်သည့်ဟင်းလျာကို ချက်ပြုတ်စေကာမူ၊ မည်သည့်မုန့်ကိုလုပ်စေကာမူ လင်းချွမ်အစက်အနည်းငယ်တော့ဖြင့်ထည့်သည်။
သို့ရာတွင် သူမက မုန့်သယ်သောသေတ္တာငယ်လေးထဲသို့ အားလုံးထည့်ကာ ပိုက်ပြီး အတွင်းဆောင်အတွင်းသို့ ဝင်လိုက်သောအချိန်တွင် ကြောင်အသွားရသည်။ မမျှော်လင့်ထားစွာပင် မင်းသားငယ်၏အဆောင်သို့ မော့ရုန်ကျန်းက တစ်ဖန်လာလည် နေပြန်သည်။
"အနံ့ကမွှေးလိုက်တာ"
မော့ရုန်ရီ၏မျက်ဝန်းက တောက်ပသွားပြီး ချက်ချင်းဆိုသလို ယဲ့ကျန်း၏လက်ထဲမှ ထိုစားစရာများပါသော သေတ္တာကိုကြည့်သည်။
ယဲ့ကျန်းက ခန္ဓာကိုယ်ကိုထိန်းပြီးနောက်တွင် ဂါဝရပြုလိုက်သည်။
"အရာရှိရဲ့ ဒီသမီးက အရှင်မင်းကြီးနဲ့ မင်းသားငယ်ကို အရိုအသေပေးပါတယ်"