အပိုင်း ၂၂၆
မိန်းမစိုးဖူ ပေါ်လာကတည်းက ယဲ့ကျန်းက စိတ်ဓါတ်ကျသွားသည်။ မိန်းမစိုးဖူ လာရောက်လာရသည့်အကြောင်းကို တွေးတောရင်း သူမ၏ခြေဖျားထိပ်ကိုသာ ငုံ့ကြည့်နေလိုက်သည်။ ထိုသို့လာရောက်ခြင်းက သူမကို ဒေါသထွက်စေလေသည်။
သည်နေ့ သူမ သည်နေရာတွင်ရှိသောအချိန်ကာလတစ်ခုလုံး ထိုလူ၏ အရိပ်အယောင်ကိုမျှ မမြင်ခဲ့ရချေ။ ထို့ကြောင့် ပျော်စရာကောင်းလွန်းသောနေ့ဟု သတ်မှတ်ခဲ့သည်။ ထိုသို့ ယခုလေးတင် တွေးနေမိခဲ့သေးသည်။ သူတို့က စတင်ဆုံတွေ့ခဲ့ပြီးကတည်းက သူမ သူနှင့်ပတ်သက်ပြီး ပြုမူဆောင်ရွက်ရသမျှက နှုတ်ဆက်ရခြင်း၊ ထွက်ခွာရခြင်းတို့သာ ဖြစ်ခဲ့သည်။
ဒါပေမယ့် အခု ... အာကံကြမ္မာပဲ၊ ကံကြမ္မာက ဘာလို့ ဒီလိုကျောချမ်းဖွယ်အခြေအနေဖြစ်အောင် အမြဲလုပ်နေတာလဲ၊ ဒါမှမဟုတ်ရင် ဒီလိုကျဉ်းမြောင်းတဲ့လမ်းမှာ ရန်သူတွေနဲ့တွေ့ဆုံဖို့ဖြစ်နေတာကပဲ ကံကြမ္မာများလား။
သူမက အတွေးတွေထဲတွင် နစ်မြောနေပြီးနောက်တွင် တံခါးကိုတွန်းဖွင့်ကာ အထဲသို့ခေါင်းကိုငုံ့လျက် ဝင်သွားလိုက်သည်။
"ဒီအရာရှိရဲ့သမီးက ဧကရာဇ်ကို ဂါဝရပြုပါတယ်"
ယဲ့ကျန်းက ပန်းရောင်နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်လျက် ဂါဝရပြုလိုက်သည်။ မော့ရုန်ကျန်းက နှာခေါင်းရှုံ့သည်။ သူမ၏အတွေးကို သူက မြင်နိုင်သည်။
"မင်းက အရိုအသေပေးတဲ့အချိန်တိုင်း အရမ်းကို တွန့်ဆုတ်လွန်းနေတယ်၊ မင်း အရိုအသေမပေးတာ ပိုကောင်းမယ်"
သူက ထိုသို့ရွဲ့ကာပြောလိုက်သည်။
"အရှင်မင်းကြီး အရိုအသေမပေးတာက မယဉ်ကျေးရာရောက်ပါတယ်၊ အခြားသူတွေက ဒီအရာရှိရဲ့သမီးက မယဉ်ကျေးဘူးလို့ပြောကြပါလိမ့်မယ်"
ယဲ့ကျန်းက တည်ငြိမ်စွာဖြင့်ပြန်ဖြေသည်။
ဒီကောင်မလေးက တကယ်ပဲ အရိုအသေမပေးချင်နေတာလား။
မော့ရုန်ကျန်းက ဒေါသထွက်လာသည်။ တစ်ချိန်တည်းတွင်ပင် သဘောလည်း ကျမိသည်။