Part 227

509 47 3
                                    

အပိုင်း ၂၂၇

"နန်းတွင်းကို ကိုယ်လုပ်တော်ရာထူးနဲ့ဝင်တာက မင်းရဲ့မိသားစုကို ပိုပြီးဂုဏ်တက် စေတယ်၊ ဒါကို မင်းကမလိုချင်ဘူးလား"

သူ၏လေသံကပေါ့သော်လည်း သူက သူမကိုအလွှတ်ပေးမည်မဟုတ်ကြောင်း ရှင်းလင်းနေသည်။

"ကျွန်မရဲ့မိသားစုက ရာထူးဂုဏ်တွေနဲ့ကြွယ်ဝမှုကို ပိုင်ဆိုင်အတွက် ဘာလို့ကျွန်မက ကိုယ့်ရဲ့ဘဝကို စတေးသင့်တာပါလဲ၊ ကျွန်မရဲ့အစ်ကိုအကြီးက သိပ်မကြာခင်မှာ တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိမ့်မယ်၊ သူက အားလုံးထဲမှာ ထူးထွက်ပြီး ရပ်တည်နေနိုင်တဲ့လူမျိုး ဖြစ်လာမှာပဲမဟုတ်ဘူးလား၊ ကျွန်မရဲ့မိဘတွေက သူတို့ရဲ့ဂုဏ်သိက္ခာတိုးမြင့်ဖို့အတွက် သူတို့ရဲ့သမီးကို ရောင်းစားမယ်လူမျိုးတွေ မဟုတ်ပါဘူး"

သူမက အတတ်နိုင်ဆုံးလေးစားသည့် အနေအထားမျိုးပါအောင် ပြောဆိုလိုက်ရသည်။ သို့သော် ဖြစ်နိုင်လျှင် သူမ၏လက်ကိုဆန့်ထုတ်လိုက်ပြီး မော့ရုန်ကျန်း၏မျက်နှာကို သေလောက်အောင်ဆွဲဖြဲကုတ်ပစ်လိုက်ချင်သည်။ သူမ ထိုသို့တိုက်ခိုက်ချင်စိတ်ကို မနည်းတားဆီးထားရကြောင်း သူမကိုယ်တိုင်ကသာ သိသည်။

မသိလိုက်မသိဘာသာ ယဲ့ကျန်း၏ပန်းရောင်နှုတ်ခမ်းက အနည်းငယ်ဆူသွားသည်။ ဒေါသထွက်နေသောယဲ့ကျန်းက ပို၍ပင် မျက်နှာက သွေးရောင်လွှမ်းသွားပြီး သူမ၏နဂိုညင်သာသိမ်မွေ့လှပသော မျက်နှာ၏အလှကို ပို၍အဆင့်တိုးမြှင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမ၏မျက်ဝန်းကလည်းတောက်ပကာ အရည်လဲ့နေသည်။

ထိုတစ်ခဏတွင် မော့ရုန်ကျန်းက စိတ်လွတ်သွားသည်။ သူက အသိပြန်မဝင်ခင်တွင် သူ၏စိတ်အတွင်းမှ မူးဝေမှုနှင့်အတူ ထိုနှုတ်ခမ်းကို တားဆီးလိုက်ပြီဖြစ်သည်။

နူးညံ့အိစက်နေတာပဲ။

သူ၏မျက်ဝန်းက မှေးကျဉ်းသွားချိန်တွင် သူက သူမကို လက်မောင်းထဲတွင် တင်းကြပ်စွာပွေ့ဖက်ထားသည်။ သူမ၏နူးညံ့ကာ အိစက်နေသောနှုတ်ခမ်းပါးများကို ညင်သာစွာနမ်းရှိုက်သည်။ ဒါက ချိုမြိန်သောမက်မွန်ကို သောက်သုံးနေရသလိုမျိုး အရာအားလုံးကို ဝါးမြိုကာ သူ့ကို ပို၍လိုချင်စိတ်ပြင်းပြလာစေသည်။

နတ်ဆေးသမားတော် ယဲ့ကျန်း ၂Donde viven las historias. Descúbrelo ahora