အပိုင်း၂၃၈
ရထားလုံးက စတင်ထွက်ခွာသွားချိန်တွင် နှလုံးသားတစ်ခုကို ရိုင်းစိုင်းကြမ်းတမ်းစွာဖြင့် နှိုးထလာအောင် ဆောင့်တိုက်လာသလိုဖြစ်သွားသည်။ သို့ရာတွင် သူမ၏နာကျင်မှုထက် ဒေါသနှင့်အရှက်ကွဲခံရသည့်ခံစားချက်က ပိုသည်။
ရွေးချယ်စရာမရှိတော့လေဘဲ ထွက်သွားသော ရထားလုံးကိုသာ စိုက်ကြည့်နေရသည်။ ဟွမ်ဖူရှန်းက ခြေဆောင့်ပြီးနောက် ယဲ့ကျန်းကို ဓါးမြှောင်လိုအကြည့်များဖြင့် စိုက်ကြည့်လာသည်။ ထိုမိန်းကလေး၏ တည်ရှိမှုအောက်တွင် သူမက လုံးလုံးလျားလျား လျစ်လျူရှုခံလိုက်ရသည်။
ဒါကို ငါက ဘယ်လိုလျစ်လျူရှုနိုင်မှာလဲ။
ယဲ့ကျန်းကမူ သူမကို တစ်ချက်မှပင်မကြည့်ဘဲ နောက်လှည့်ကာ ထွက်သွားလိုက်သည်။
"နင်ရပ်စမ်း"
ဟွမ်ဖူရှန်းက ယဲ့ကျန်းကိုအော်သည်။
"ချွမ်ဖူ တို့ကို ဆေးဝါးအကယ်ဒမီကျောင်းကို ခေါ်သွားပေးပါ"
ယဲ့ကျန်းက ဟွမ်ဖူရှန်းကို မကြားချင်ယောင်ဆောင်ထားကြောင်းမြင်သောအခါ ချွမ်ဖူကလည်း အလျင်စလိုပင် သူမကို ဆေးဝါးအကယ်ဒမီကျောင်းသို့ ခေါ်သွားရန် ပြင်ဆင်ပေးလိုက်တော့သည်။
ထိုသို့သောတုန့်ပြန်မှုက ဟွမ်ဖူရှန်း၏မျှော်လင့်ထားမှုကို ကျော်လွန်သွားသည်။ ယဲ့ကျန်းက သူမကို လေလိုဆက်ဆံနေသည်။ သူမ၏မျက်နှာက ဒေါသကြောင့်နီရဲလာပြီး ခပ်မြန်မြန်ခြေလှမ်းလှမ်းလိုက်ကာ ယဲ့ကျန်း၏လက်မောင်းကိုဆွဲပြီးနောက် ရထားလုံးထဲသို့ မဝင်ခင် ဖမ်းဆွဲလိုက်နိုင်သည်။
"ယောင်ယောင် ဆင်းလာခဲ့စမ်းပါ၊ နင့်ကိုပြောလို့မပြီးသေးဘူး"
သူမက အော်သည်။
"မင်း ပြောလို့မပြီးသေးတာက တို့က ဆက်ပြီးနားထောင်ရမယ်လို့ မဆိုလိုဘူးလေ"
ယဲ့ကျန်းက သူမကိုအေးစက်စွာကြည့်ပြီးနောက် လက်ကိုရမ်းလိုက်ကာ အကြည့်မခံချေ။