Part 257

346 34 0
                                    


အပိုင်း၂၅၇

လက်ထပ်ခြင်းက အဆင့်အတန်းကိုအုတ်မြစ်ချခြင်း၊ ခံစားချက်နှင့်စိတ်ဆန္ဒများ ထက်ပို၍အကျိုးအမြတ်ရစေသော အရာမျိုးဖြစ်သည်။ အာဏာကြောင့် တိုက်ခိုက်နေကြသော လောကကြီးတွင် တစ်စုံတစ်ယောက်က ပို၍လွှမ်းမိုးနိုင်စွမ်း ရှိလေလေ ကြာကြာရှင်သန်နိုင်လေလေဖြစ်သည်။ မုန်တိုင်းပေါင်းများစွာကိုကြုံခဲ့ပြီးသော လုမိသားစုမှ သခင်မအိုကြီးထက် မည်သူကမျှ သည်အကြောင်းအရာကို ပိုမသိနိုင်ချေ။

ထို့ကြောင့် သူမ၏အကြီးဆုံးချွေးမက အလယ်အလတ်အဆင့်မိသားစုတစ်ခုကို သဘောတကျကမ်းလှမ်းနေသောအခါ သခင်မလု၏မျက်နှာက အနည်းငယ် ပျော့သွားပြီးနောက် လုဖန်းကိုကြည့်ကာပြောလိုက်သည်။

"လျန်မိသားစုက ဖန်းအာနဲ့ ကိုက်ညီတဲ့မှန်ကန်တဲ့ရွေးချယ်ချက် မဟုတ်သေးဘူး၊ အဖွားက သမီးအတွက် ဆုံးဖြတ်ချက်ချပေးမယ်"

လေက သည်အခြေအနေမှ အဝေးသို့ရောက်အောင် တိုက်ခတ်တော့မည် ဖြစ်ကြောင်းမြင်သောအခါ လျှိုရှီက ခပ်မြန်မြန်ဝင်ပြောပြီးနောက် အနည်းငယ် အထင်သေးသောပုံစံမျိုးဖြင့်ပြောသည်။

"အမေ ဒီလက်ထပ်မယ့်ကိစ္စက ဖန်းအာကိုယ်တိုင်တောင်းဆိုတာပါ၊ ကျွန်မရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး"

လုယောင်ယောင်ကသာ လျန်မိသားစုနှင့်လက်ထပ်ရမည့်လူဖြစ်သည်။ ဒါက သူမ၏သမီးဖြစ်သူ စီစဉ်ထားခြင်းလည်းဖြစ်သည်။ လျှိုရှီက ထိုကိစ္စကိုသိသည့်အတွက် အတင်းတိုက်တွန်းခဲ့ခြင်းက သခင်မကြီးလုကို စိတ်ပျက်စေခဲ့သည်။ သို့သော် သည်တစ်ကြိမ်တွင်မူ မည်သူကမျှ လက်ညှိုးမထိုးရန်အတွက် ထိုမိန်းကလေး၏ ပုခုံးပေါ်သို့သာ အပြစ်များအားလုံးကို ချက်ချင်းတင်ပေးလိုက်သည်။ သခင်မကြီး၏ ထက်ရှသောအကြည့်က လုဖန်းထံရောက်သွားသည်။

"ဖန်းအာ မင်းရဲ့အမေ ပြောတာက အမှန်ပဲလား"

သခင်မကြီးက လျှိုရှီ၏နည်းလမ်းများနှင့် အလွန်ရင်းနှီးလွန်းနေပြီဖြစ်သည်။ သူမ၏အကြံအစည်တိုင်းကိုလည်း သခင်မကြီးလုက ကြိုမြင်နိုင်သည်။ မည်မျှပင် မခန့်မှန်းနိုင်အောင် လုပ်ဆောင်စေကာမူ သူမက အားလုံးကိုသိနိုင်သည်။ ထို့ကြောင့် လုယောင်ယောင်က ကိစ္စကနည်းတူ တစ်ဖက်သူက ပါဝင်ပတ်သက်နေမည်ဟု တထစ်ချယုံကြည်လိုက်ခြင်းလည်းဖြစ်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်း ၂حيث تعيش القصص. اكتشف الآن