အပိုင်း ၂၁၈ စစ်နင်နန်းဆောင်
ညကဖြစ်ခဲ့သော ဝရုန်းသုန်းကားအခြေအနေက သတင်းစကားက ပျံ့နှံ့သွားလောက်မည့်အချိန်တွင် မိန်းမစိုးဖူက စစ်နင်နန်းဆောင်သခင်မ၏အရှေ့တွင် ရပ်နေပြီဖြစ်သည်။ သူ၏ရောက်ရှိလာသောကိစ္စက ပေါ့ပါးသောကိစ္စမဟုတ်ချေ။ သူ၏ရည်ရွယ်ချက်ကလည်း အံ့ဩစရာမရှိချေ။
မယ်တော်ကြီးက ဖီးနစ်စည်းတံဆိပ်ကို ယူလိုက်ပြီးနောက်တွင် မိန်းမစိုးဖူက ယခုလေးတင်လက်ကမ်းပေးလာသော ရှို့နွီဓါတ်ပုံများကိုကြည့်လိုက်သည်။ သူမက သဘောတကျကြည့်ပြီးနောက်တွင် မျက်မှောင်ကြုတ်သည်။
"ဧကရာဇ်က အိုက်ကျားကို သူ့ရဲ့ကိုယ်လုပ်တော်အတွက် သန့်စင်ကောင်းမွန်တဲ့ မိန်းမပျိုလေးတွေ ရွေးချယ်ခိုင်းလိုက်တာလား"
သူမက အတည်ပြုရန်ထပ်မေးသည်။
ကိုယ်လုပ်တော်များကို ရွေးချယ်ရမည့်ပွဲတော်က သည်နှစ်ထဲတွင် ကျင်းပရမည်ဖြစ်သည်။ လုဝူရွှမ်းက ဝမ်ဖေးအနေနှင့်ရှိနေပြီး သည်ကိစ္စကို တာဝန်ယူသင့်သောသူဖြစ်သည်။ မယ်တော်ကြီးအနေနှင့် ထိုသို့သောကိစ္စမျိုးတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်မပါလိုခဲ့ပေ။ သူမ၏သားဖြစ်သူက သူမကို ထိုကိစ္စဖြင့် တစ်ကြိမ်သော်မျှလည်း ဒုက္ခမပေးခဲ့ဖူးချေ။
ဘာလို့ ဧကရာဇ်က ရုတ်တရက် စိတ်ပြောင်းသွားတာလဲ။
"မယ်တော်ကြီးကို ပြန်ဖြေပါတယ်၊ ဧကရာဇ်က ဝမ်ဖေးက ရှို့နွီရွေးချယ်ဖို့အတွက် တာဝန်ယူဖို့မသင့်လျော်ဘူးလို့ ခံစားမိတာဖြစ်မယ်၊ ဒါကြောင့် ..."
"ဧကရာဇ်က ဘယ်မှာလဲ"
သူမ၏မျက်မှောင်က ကြုတ်သွားသည်။ သည်ကိစ္စတစ်ခုလုံးက ထူးဆန်းလွန်းနေ သည်။
ဧကရာဇ်က အမြဲတမ်းလုဝူရွှမ်းကို သဘောကျနေတာမဟုတ်လား၊ ဘာကြောင့် သူမက မသင့်တော်ဘူးလို့ခံစားမိတာလဲ။
"ဧကရာဇ်က ဒီမနက်ပဲ တော်ဝင်တရားရုံးကို ထွက်ခွာသွားပါပြီ"
မိန်းမစိုးဖူက ဧကရာဇ်၏အနီးကပ်သစ္စာရှိအစေခံဖြစ်သည်။ သူဟာ သခင်ကို သစ္စာဖောက်သောစကားများကို အရိပ်အမွတ်သော်မျှ ပြောလိမ့်မည်မဟုတ်ချေ။