[ 1 ]

410 46 22
                                    

[ Uni ]

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးတွင် တိမ်များက တစ်စွန်းတစ်စ ရွှေ့လျားနေကြသည်။ ပုံမှန်ထက် ပိုပြီး ချစ်ဖို့ကောင်းနေတဲ့ ပန်းပင်လေးများက လမ်းတစ်လျှောက်မှာ အစီအရီ။

" ဂျယ်ဝန်း! "

မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်လေးက လှည့်ကြည့်လာသည်။ ခေါ်လိုက်တဲ့ ကောင်လေးက လက်ထဲက အဖြူရောင်နှင်းဆီ ပန်းစည်းလေးကို ထိုးပေးတော့ ပါးမို့လေးလုံးသည်အထိ ပြုံးသည်။

" ငါမင်းကို ချစ်နေတာ ဂျယ်ဝန်း။ ငါပြောလိုက်ရင် မင်းငါ့ကို မုန်းသွားမှာ ကြောက်နေခဲ့တာ။ "

ပြောနေတဲ့ ကောင်လေးက သူ့လက်သွယ်သွယ်တွေကို စိတ်လှုပ်ရှားဟန်အပြည့်နဲ့ ပွတ်သပ်နေသည်။

" အင်း! ငါသိတယ် ဆယ်ချောလ်"

ဆယ်ချောလ်က အနည်းငယ်မှေးသယောင်ရှိတဲ့ သူ့မျက်ဝန်းတွေကို ပြူးကျယ်ပြီး ပြန်ကြည့်လာသည်။ ဂျယ်ဝန်းကတော့ သူ့မှုပိုင်နှုတ်ခမ်းလုံးလုံးလေးကို အလှပဆုံးဖြစ်အောင်ပုံဖော်ကာ ပြုံးနေသည်။

" ငါတို့ သူငယ်ချင်းတွေ အဖြစ်ပဲ ဆက်သွားကြရအောင်။ ငါရှေ့ဆက်ဖို့အတွက် စိတ်မပါဘူး။ "

ဆယ်ချောလ်က ထိုစကားကိုတော့ မအံ့ဩတဲ့ပုံ။ ဂျယ်ဝန်းအနား မျက်နှာချင်းဆိုင် တိုးကပ်သွားပြီး ဂျယ်ဝန်းရဲ့ နှုတ်ခမ်းဖောင်းဖောင်းလေးတွေကို သူ့နှုတ်ခမ်းပါးတွေနဲ့ ထိတွေ့လိုက်သည်။ ဆယ်ချောလ်က သူ့လက်သွယ်သွယ်တွေနဲ့ ဂျယ်ဝန်း ပါးကို ထိန်းကိုင်ထားသည်။

" ငါမင်းကိုတော့ ဒီလိုပိုင်ဆိုင်ချင်တဲ့ စိတ်နဲ့ ချစ်နေဦးမှာ ဆိုတာ သိထားပေး။ "

" Cut!!! "

" Nice! ကောင်းတယ်။ ဘတ်ခ်ဟျွန်း- ရှီက တကယ် ဝါရင့်သရုပ်ဆောင်လို့ကို မပြောရဘူး။ ဂယောင်ဆူး-ရှီလည်း ပထမဆုံး ရိုက်တဲ့ ကားမှာတင် အတော်အဆင်ပြေတယ်။ "

ဒါရိုက်တာကြီးက ထလာပြီး သူတို့နှစ်ယောက်ကို ချီးကျူးစကားဆိုသည်။ ဘတ်ခ်ဟျွန်းက ပြုံးရုံသာ ပြုံးပြီး ဒါရိုက်တာကြီးကို ခေါင်းငြိမ့်ပြသည်။ ဂယောင်ဆူးဆိုသည့် မင်းသားပေါက်စလေးကတော့ ပါးအိုးလေးတွေ နီနေသည်။ အကြောင်းကတော့ သရုပ်ဆောင်လောကမှာ သူသဘောကျရတဲ့ စီနီယာ ဘတ်ခ်ဟျွန်း နမ်းတာခံထားရသည်လေ။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now