[ Uni ]
သူ့ကို မခို့တရို့ကြည့်နေတဲ့ မျက်ဝန်းဝိုင်းတွေကို မသိချင်ယောင်ဆောင်နေရတာ သိပ်ကို ခက်ခဲတဲ့ အလုပ်ပဲ။ ပွဲမီးရောင် တစ်ဖြတ်ဖြတ်ကြားမှာ မြင်ရတဲ့ ပုံရိပ်ငယ်လေးက ပထမဦးဆုံး အတွေ့အကြုံကို ကောင်းကောင်းကျော်ဖြတ်နေတာမို့ ဘတ်ခ်ဟျွန်း ပြုံးလိုက်မိသေးသည်။ အနောက်တိုင်းဝတ်စုံနဲ့ အများကြီး ခန့်ညားနေတဲ့ ကောင်လေးက သူလှည့်ကြည့်တဲ့အချိန်တိုင်း မျက်နှာလွှဲသွားတက်သည်။
ထင်တဲ့အတိုင်း ထိုက်ထိုက်တန်တန်နဲ့ ဆုရသွားတဲ့ ကောင်ငယ်လေးကို ဖြစ်နိုင်ရင် မျက်နှာချင်းဆိုင်ထိုင်ပြီး ဘယ်လောက်ဂုဏ်ယူတဲ့အကြောင်းတွေ တစ်ဖွဖွပြောပြချင်သည်။ နောက်ပြီး အဲ့ဒီနေ့ကလို ပွေ့ဖက်ပြီး ဂုဏ်ပြုလိုက်ရတာက မလုပ်ပဲနေမိရင် သူရဲ့ နောင်တတွေ ပိုကြီးမားလာမှာကို ကြောက်လို့။ ဂယောင်ဆူးက ဂုဏ်ပြုပေးဖို့ ထိုက်တန်တယ်လေ။ ချီးကျူးပေးဖို့ ထိုက်တန်တယ်။
ဒီကောင်လေးဆီက အချစ် ဆိုတဲ့ အာမေဋိတ်လေးကို နားထဲ အခုထိ ကြားယောင်နေမိသလို နောက်ဆုံးအကြိမ်လို့ တွေးမိလိုက်တိုင်း ရင်ဘက်ထဲ လှိုက်တက်လာသည်။
မင်းကို စွန့်ပစ်ရတာ သိပ်နာကျင်ဖို့ကောင်းတာပဲ ဟန်နီ။
. . .
(နှစ်နှစ်ခန့်ကြာသော်)
နှစ်တွေ ကြာလာတာနဲ့အမျှ အမှတ်တရတွေက ဒါဏ်ရာတွေအဖြစ် ပြောင်းလဲသွားပြီး ပြန်အမှတ်ရမိတဲ့အချိန်တွေဆို ရင်ထဲ တစ်မြှေ့မြှေ့နဲ့။
' ကိုယ့်ဟန်နီက ဆောင်းဦးရဲ့ နေရောင်ခြည်လေးလိုပဲ။ အရမ်းနွေးထွေးတာ။ '
ဆောင်းရာသီဝင်တဲ့ အချိန်တုန်းက အပြင်သိပ်လည်လို့်မရတဲ့ ဂယောင်ဆူးနဲ့ ဘတ်ခ်ဟျွန်းက တိုက်ခန်းမှာပဲ ကော်ဖီပူပူကို အတူသောက်ခဲ့ရသည်။ အတူတူရှိနေရင် လူကို မနေတက်မထိုင်တက်ဖြစ်အောင် ပြောတက်တဲ့ စကားတွေ။
" ဂယောင်ဆူး ကော်ဖီသောက်မယ်ဆို။ "
" ဒီနှစ်ဆောင်းက သိပ်မအေးသလိုပဲနော်။ ဂျပန်မှာမို့လို့များလား"
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐