[ Uni ]
ဘတ်ခ်ဟျွန်း ဒီနေ့နဲ့ဆို လာတာ သုံးရက်ရှိပြီ။ ဂယောင်ဆူးက ဂရုမစိုက်စွာနဲ့ အဲဒီကုတင်ပေါ်မှာ လှဲလျောင်းနေတုန်းပဲ။
ပုံမှန် အားပြတ်တာဆိုရင် တစ်ရက်လောက်ဆိုတာနဲ့ သတိရတက်ပေမဲ့ အခု သုံးရက်ဆက်တိုက် မေ့မျောနေတုန်းပင်။
ချန်းယောလ် ပြောပြချက်အရ ရှေ့နှစ်ပါတ်လောက်ကလည်း အပျင်းဖျားထားပြီး အစားအသောက်ကြိုက်တဲ့ ကောင်လေးက သိပ်မစားတော့ကြောင်းလည်း သိရသည်။ ညဖက်တွေ သိပ်အိပ်မပျော်ဖြစ်တဲ့ အကြောင်းတွေကိုရော သိလိုက်ရသည်မို့ ဘတ်ခ်ဟျွန်းစိတ်ထဲ အားနာမှု့တွေ ကြီးစိုးကုန်သည်။
" ကိုယ် ဆံပင်အရောင် ပြောင်းထားတာလေ။ ကိုယ်နဲ့လိုက်လား။ "
ဘတ်ခ်ဟျွန်းဟာ ဂယောင်ဆူးကုတင်ဘေးမှာ ထိုင်နေရင်း ဂယောင်ဆူးလက်တွေကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။ ဂယောင်ဆူးရဲ့ မျက်တောင် ကော့ကော့တွေဟာ မှိတ်ထားတာမို့ ပိုသိသာပြီး ပိုလှနေသည်ဟု ဘတ်ခ်ဟျွန်း တွေးလိုက်မိသည်။ ပါးဖောင်းဖောင်းတွေ။ ပါးဖောင်းဖောင်းတွေကတော့ ပုံမှန်ထက် လျော့နေပေမဲ့ ဂယောင်ဆူးကို ချစ်စရာကောင်းတဲ့ အသွင်ဆောင်နေတုန်းပင်။
" ကိုယ့်ဟန်နီ အများကြီး ပိန်သွားတာပဲ။ တအားပင်ပန်းခဲ့မှာပဲ။ "
ဂယောင်ဆူးရဲ့ ပါးပေါ်ကို လက်ဖြင့်ပွတ်သပ်မိတော့ မှိတ်ထားတဲ့ ဂယောင်ဆူး မျက်ဝန်းမို့မို့စီက မျက်ရည်တွေ ကျဆင်းလာသည်။ ဘတ်ခ်ဟျွန်း အထိတ်တစ်လန့်ဖြစ်သွားပြီး ဂယောင်ဆူးလက်တွေကို ပိုတင်းအောင် ဆုပ်ထားမိသည်။ ဘတ်ခ်ဟျွန်းကိုယ်တိုင်လည်း ဘယ်ကတည်းက ကျနေမှန်း မသိတဲ့ မျက်ရည်တွေကို လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည်။
" ကိုယ်တောင်းပန်ပါတယ် ဟန်နီ။ ကိုယ်တကယ် အများကြီး တောင်းပန်ပါတယ်။ "
ဘတ်ခ်ဟျွန်းက ခပ်တိုးတိုးပြောပြီး ဂယောင်ဆူးပါးပေါ်က မျက်ရည်တွေကို သုတ်ပေးနေသည်။ ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားတဲ့ ဘတ်ခ်ဟျွန်းလက်ထဲက ဂယောင်ဆူးရဲ့ လက်ချောင်းလေးတွေ နှုန့်သွားတာ ဘတ်ခ်ဟျွန်းခံစားမိသည်။
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐