[ 10 ]

115 27 18
                                    

[ Uni ]

အခန်းတံခါးဝကို ‌တစ်မျှော်မျှော်ဖြစ်နေပေမဲ့ မျှော်နေရတဲ့ အရိပ်အယောင်လေးက မပေါ်လာသေးပေ။

ညသန်းခေါင် 1 နာရီ 45 မိနစ်။

ပုံမှန် အနောက်ကျဆုံး 11 နာရီလောက်ဆို ပြန်လာနေကြလေ။ ရိုက်ကွင်းက အဲ့လောက်တောင် နောက်ကျစရာလိုလို့လား။ ဂယောင်ဆူးတောင် ညနေ ငါးနာရီကတည်းက အိပ်ပြန်ရောက်နေတာ။

ဂယောင်ဆူးဖုန်းခေါ်နေလည်း ဆက်သွယ်မှု့ဧရိယာပြင်ပကြီး ‌ပြနေသည်။ မန်နေဂျာဆီ ဆက်တော့ ဘတ်ခ်ဟျွန်းက ပြန်သွားခဲ့ပြီတဲ့။

^ ကိုယ် ဒီနေ့ မပြန်လာတော့ဘူးနော်။ ^

ဘတ်ခ်ဟျွန်း ဖုန်းဆက်လာလို ၊ ဖုန်းဆက်လာညှား ဖုန်းစခရင်းကို ဟိုဆွဲဒီဆွဲ ကြည့်နေမိတုန်း မတ်ဆေ့ဂ်ျဝင်လာသည်။ အဲဒီစာတစ်ကြောင်းကလွှဲပြီး ဘာမှ ထပ်မဝင်လာတော့။ ဂယောင်ဆူး သက်ပျင်းချပြီး အိပ်ယာပေါ်လှဲချလိုက်သည်။

^ ဘာလို့ပြန်မလာတာလဲ။ အခုဘယ်မှာလဲ ^

ဂယောင်ဆူးစာလေးကို ပို့မည်လုပ်ပြီးမှ ပြန်ဖျက်လိုက်ပြီး ဖုန်းကို ပိတ်ချပစ်သည်။ ဘတ်ခ်ဟျွန်း အကျိုးမရှိ အကြောင်းမရှိ ပျောက်ပျောက်နေတာ လေးငါးည ရှိပြီ။ နှစ်ရက်မြှောက်တုန်းကဆို စကားများကြသေးသည်။

.

" ဂယောင်ဆူး ကိုယ့်မိတ်ဆွေတစ်ယောက်က ဂယောင်ဆူးနဲ့ အလုပ်ကိစ္စစကား‌ပြောချင်လို့တဲ့။ "

ဝူဘင်က အနားရောက်လာပြီး ဂယောင်ဆူးဘေးတွင် ထိုင်ကာပြောသည်။

" ဟင် ဘယ်သူများလဲ။ "

" ပတ်ချန်းယောလ် လေ။ Park Generation Entertainment က။ "

ဂယောင်ဆူး ပတ်ချန်းယောလ်ဆိုတဲ့ နာမည်ကြောင့် အလန့်တကြား မော့ကြည့်လိုက်မိသည်။ သူ ဝင်ခွင့်တွေ လိုက်ဖြေတုန်းက ဆုံခဲ့ဖူးတဲ့ ဒိုင်တစ်ယောက်။ နာမည်ကြီး SKY ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး သူ့သူငယ်ချင်း ဂျုံအင်ရဲ့ Member ဟောင်းလည်းဖြစ်သည်။

တရုတ်နဲ့ ဂျပန်က အဖွဲ့ဝင်တစ်ယောက်စီ နှုတ်ထွက်သွားကြပြီးနောက် ဂျုံအင်တို့ နှစ်ယောက်လည်း ကွဲလွဲကုန်ရသည်။ အစက တခြားအေဂျင်စီကဆိုပေမဲ့ ပတ်ချန်းယောလ်က အဲဒီ‌ case တွေဖြစ်ပြီးနောက် SKY အဖွဲ့မှာတုန်းက လှုပ်ရှားခဲ့တဲ့ အေဂျင်စီကနေ နှုတ်ထွက်ပြီး သူ့အဖေရဲ့ PG ENT အေဂျင်စီမှာ ပြန်ဝင်ပြီး အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ရော လှုပ်ရှားနေတာ ဖြစ်သည်။ သရုပ်ဆောင်အဖြစ်လည်း နာမည်ရနေတဲ့ ပတ်ချန်းယောလ်က ဘတ်ခ်ဟျွန်းထက် အနုပညာသက်တမ်း သုံးနှစ်လောက်တော့ နောက်ကျသည်။ နောက်ပြီး ဘတ်ခ်ဟျွန်းရဲ့ အေဂျင်‌စီကလည်း ဖြစ်သည်။ အဲဒီပတ်ချန်းယောလ်က သူ့ကို ဘာလို့ အလုပ်ကိစ္စနဲ့ တွေ့ချင်ရတာလဲ။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now