[ 21 ]

83 16 8
                                    

[ Uni ]

" ဟန်နီရလား။ ကိုယ်ပွေ့ပြီး ခေါ်ပေးရမလား။ "

ကားတံခါးဖွင့်ပေးပြီး ရုပ်တည်နဲ့ပြောနေတဲ့ ဘတ်ခ်ဟျွန်းက ပွေ့ပေးလို့ပြောရင် တကယ်ပွေ့ပြီး ခေါ်သွားမဲ့ပုံ။ လမ်းတော့ လျှောက်နိုင်‌ပါသေးတယ်နော်။

" မလိုပါဘူး။ "

ဂယောင်ဆူးနှုတ်ခမ်းတွေ ဆူပြီး ပြောတော့ သဘောတကျရယ်နေလေရဲ့။ ကားပေါ်ကနေ ဆင်းတော့လည်း ကားတံခါးပြန်ပိတ်တာကအစ ဘတ်ခ်ဟျွန်းလုပ်ပေးသည်။

" ကျွန်တော် ကိုယ့်ဟာကိုယ် သွားလိုက်မယ်
ခင်ဗျား ပြန်တော့။ "

ဂယောင်ဆူးပြောတော့ ငြိုးမှိုင်သွားတဲ့ ဘတ်ခ်ဟျွန်းမျက်နှာက သိသိသာသာ။

" ကိုယ့်ကို ခဏတောင် အထဲမခေါ်တော့ဘူးပေါ့။ "

ခွေးပေါက်လေးလို မျက်ဝန်းတွေနဲ့ သူ့လက်ကို ဆုပ်ကိုင်ပြီး ပြောနေတဲ့ ဘတ်ခ်ဟျွန်းကြောင့် ဂယောင်ဆူး ရီချင်တာ အောင့်ထားရသည်။

" မခေါ်ပါဘူး။ အခုက ကျွန်တော်တစ်ယောက်ထဲလေ။ "

" ကိုယ်တစ်ခုခုလုပ်မှာ ကြောက်လို့လား။ "

" ပြောလို့မရဘူးလေ။ နောက်ပြီး ကျွန်တော်က အခုမှ ဆေးရုံကဆင်းတာကို။ "

မျက်လုံးလေး ထောင့်ကပ်ပြီး ပြောနေတဲ့ ဂယောင်ဆူးက ဘတ်ခ်ဟျွန်းအတွက် အရမ်း အူယားဖို့ကောင်းနေသည်။ ဆက်ပြီး သည်းမခံနိုင်တော့တာမို့ ပါးဖောင်းဖောင်းလေးကို လက်နှစ်ဖက်လုံးဖြင့် ဖြည့်ညှစ်ပစ်သည်။

" ဒီမှာတင် တစ်ခုခုလုပ်ပစ်မိတော့မယ်နော် ကိုယ့်ဟန်နီ။ "

အံကြိတ်သံလေးနဲ့ အူယားတဲ့ ပုံစံပြောနေတဲ့ ဘတ်ခ်ဟျွန်းလက်ကို ကိုင်ပြီး ဖယ်ကာ ဂယောင်ဆူး မျက်စောင်းနဲ့ကြည့်တော့ ရီနေသေးသည်။ တကယ်ပါပဲ။ လူကို အရုပ်များထင်နေလားမသိဘူး။ ပါးကိုင်လိုက် နားကိုင်လိုက်နဲ့။

" ဒါဆို တက်တော့နော်။ ညကျရင် ဖုန်းဆက်လိုက်မယ်။ "

ဂယောင်ဆူးရဲ့ ဆံပင်တွေကို ထိုးဖွာပြီး ပြောနေတဲ့ ဘတ်ခ်ဟျွန်းက အပီအပြင်။ ဒီလူကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဖုန်းနံပါတ်ပြောင်းထားတာ မသိဘူးလားမသိဘူး။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now