[ 8 ]

162 28 28
                                    

[ Uni ]

" ဂယောင်ဆူး မျက်နှာမကောင်းဘူးရော်။ "

သူ့‌ဘေး ဝင်ထိုင်တဲ့ ဝူဘင်က banana milk ဘူးလေးကို ကမ်းပေးရင်းဆိုသည်။ ဂယောင်ဆူး ပြုံးပြလိုက်ပြီး ခေါင်းခါပြလိုက်တယ်။

" မနေ့ညက အိပ်ရေးပျက်လို့ပါ။ "

မနက်က ဖုန်းထဲမှာ မိန်းမသံကြားတာကိုတောင် မန်နေဂျာလို့ ပြောတဲ့ လူကြီး‌ကြောင့်လည်း ပါသည်။ သူမရှိဘူး‌ ထင်နေတာ နေမှာပေါ့။ ဟွန်း။

" ဂယောင်ဆူးနဲ့ ဘတ်ခ်ဟျွန်းတို့ အတူရိုက်ထားတဲ့ Serie လေးလေ။ Friend Zone ဆိုတဲ့ Serie။ ကိုယ်ကြည့်ဖြစ်တယ်။ အရမ်း အဆင်ပြေတယ်။ ဂယောင်ဆူးရဲ့ ပထမဦးဆုံး ရိုက်ကူးမှု့ဆိုပေမဲ့။ "

" အာ .. မဟုတ်တာ။ အချစ် .. အဲ ဟို စီနီယာ ဘတ်ခ်ဟျွန်းကလည်း တော်လို့လေ။ "

ဝူဘင်က အချစ်ဆိုတဲ့ အသံကို ကြားလိုက်တာမို့ သေချာစိုက်ကြည့်နေသည်။ ပြီးမှ ခေါင်းငြိမ့်ပြပြီး ဂယောင်ဆူး ရဲ့ ခေါက်နေတဲ့ အင်္ကျီကို အသာလှမ်းဖြန့်ပေးသည်။

" ရှူတင်စတော့မယ် ဂယောင်ဆူး။ နေရာယူကြရအောင်။ "

မန်နေဂျာအစ်ကိုက လာပြောတော့ ဂယောင်ဆူးရော ဝူဘင်ရော မတ်တပ်ရပ်လိုက်သည်။

" ဟုတ်ကဲ့။ "

မိတ်ကပ်ပြင်‌ပေးတဲ့ သူကပြင်ပေး။ မီးအလင်းအမှောင် ချိန်တဲ့သူက ချိန်။ အကုန်အဆင်သင့်ဖြစ်တာနဲ့ စကြသည်။ အခုက နောက်ထပ် ဂယောင်‌ဆူးရိုက်ဖြစ်မဲ့ Serie အတွက် ပိုစတာ ရှူတင်ဖြစ်သည်။ မင်းသားမင်းသမီး နဲ့ အရေးပါတဲ့ သရုပ်ဆောင် စုစုပေါင်း ကိုးယောက်လောက်ရှိသည်။ အကုန်လုံးက တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေ ဖြစ်ပြီး အကုန်လုံးကလည်း ဘတ်ခ်ဟျွန်းနဲ့ အတူ သရုပ်ဆောင်ဖူးတဲ့ သူတွေကြီးပင်။ ဂယောင်ဆူးကို ဘတ်ခ်ဟျွန်းအကြောင်း ပြောပြတဲ့သူနဲ့ ၊ မေးကြတဲ့သူနဲ့ စုံနေရော။

‌ဗြောင်ဘတ်ခ်ဟျွန်းက တော်တော် စွံတဲ့လူပဲ။

.

^ Baekhyun - nim က ယောကျာ်းချင်းတွဲနေတာလား မသိဘူးနော် . အပြုအမှုတိုင်းက မင်္သကာစရာပဲ. ^

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now