[ Uni ]
" ဂျုံအင်က ကျွန်တော့်သူငယ်ချင်းပါဆို အချစ်လည်း သိရဲ့သားနဲ့။ "
" ဘာလို့ အာဘွားပေးတာလဲ အာ့ဆို။ "
စူပုပ်နေတဲ့အချစ်က သူ့လက်သွယ်တွေနဲ့ ဂယောင်ဆူးရဲ့ အင်္ကျီစကို ဆွဲပြီးပြောသည်။
" ဟင် မပေးပါဘူး အချစ်ကလည်း။ "
" ကိုယ် သေချာပေါက် ကြားလိုက်တာနော်။ ဟွန်း "
ဂယောင်ဆူး သောက်ထားတုန်းက ဖြစ်တဲ့ ကိစ္စဆိုတော့ ဟုတ်ရင်လည်း ဟုတ်လိမ့်မည်။ မျက်နှာလေးကို အတက်နိုင်ဆုံး ငယ်အောင်လုပ်ပီ့း ဘတ်ခ်ဟျွန်းလက်တွေကို ကိုင်လိုက်သည်။
" ကိုကိုနော် ဟန်နီက ကိုကို့တစ်ယောက်တည်းကိုပဲ အာဘွားတွေရော အချစ်တွေရော ပေးထားတာ။ ဟန်နီနဲ့ ဂျုံအင်နဲ့က ညီအစ်ကိုလိုတောင် ဖြစ်နေတာ။ ပြီးတော့သူက ဟန်နီနဲ့ ကိုကို့အကြောင်းကိုလည်း သိပါတယ်ဆို။ "
ဘတ်ခ်ဟျွန်း အရှေ့ကနေ တစ်ကိုကိုနေတဲ့ အကောင်ပေါက်ကို နှုတ်ခမ်းဖိကိုက်ပြီးသာကြည့်နေရသည်။ သူချွဲချင်ရင်ကျ ကိုကို ၊ ကိုကိုနဲ့။ အရင်က ကိုကိုလို့ ခေါ်ခိုင်းတုန်းကကျ သူနဲ့ နှစ်ရက်တောင် စကားမပြောဘူး။
" မခေါ်နဲ့ ကိုကိုလို့။ "
ဘတ်ခ်ဟျွန်းက ကုတင်ဟိုဖက်လှည့်ပြီး အိပ်ချပစ်သည်။
" မခေါ်ဘူးဗျာ အာ့ဆိုလည်း။ သူကျတော့ ရည်းစားတစ်ယောက်လုံး ရှိနေတာတောင် ဂျပန်မှာ သူများနဲ့ သွား ဒိတ်လာပြီးတော့။ "
ဒီကလေးနဲ့တော့။ အချော့ခံချင်လို့ ရစ်တာပါဆို။ စိတ်ကိုမရှည်တက်ဘူး။
ဘတ်ခ်ဟျွန်းနည်းတူ ကျောပေးပြီး လှည့်ကာ လှဲအိပ်သွားတဲ့ ဂယောင်ဆူးကြောင့် ဘတ်ခ်ဟျွန်းကပဲ စိတ်လျှော့ပြီး အနောက်ကနေ သိုင်းဖက်လိုက်သည်။
" Aigoo ~ ကိုယ့်ကို ချော့နေတာ မဟုတ်ဘူးလား။ "
" မသိဘူး။ ကျွန်တော်လည်း စိတ်ဆိုးသင့်တာပဲ။ ခင်ဗျားမှ ဖြေရှင်းချက်မပေးသေးတာ။ "
ဂယောင်ဆူးက စောင်ကို ခေါင်းအထိ ဆွဲခြုံလိုက်တာမို့ ဘတ်ခ်ဟျွန်းအမြန်ဆွဲဖယ်ပြီး ဂယောင်ဆူးကို ဆွဲလှည့်ကာ လက်ထောက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်သည်။
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐