[ 3 ]

194 30 44
                                    

[ Uni ]

အဲ့ဒီနေ့က ကိစ္စပြီးတော့ ဂယောင်ဆူးတစ်ယောက် ဘတ်ခ်ဟျွန်းနဲ့ နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ရမှာ ကြောက်နေမိသည်။ သူရင်ခုန်လွန်းပြီး သေနိုင်တယ်လေ။

" ဂယောင်ဆူး! "

ဘတ်ခ်ဟျွန်းက နားနေခန်းထဲ ဝင်လာတာမလို့ တမင် ထွက်မည်ပြုတော့ ဂယောင်ဆူးနာမည်ကို တည့်တည့်ခေါ်သည်။

" ဂယောင်ဆူး ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ။ "

" ဟို .. "

ဂယောင်ဆူးရဲ့ လက်နှစ်ဖက်က စိတ်လှုပ်ရှားမှု့ကြောင့် ချွေးစေးတွေစိုနေပြီ ဖြစ်သည်။

" ဟိုနေ့က ကိစ္စကြောင့်ဆို ရှောင်စရာမလိုပါဘူး။ ကိုယ်က ဒီတိုင်း ပိုရင်းနှီးသွားအောင် လုပ်တာ။ "

ကောင်းလိုက်တဲ့ ဖြေရှင်းချက်။ ဂယောင်ဆူး ဒီတိုင်း တုပ်တုပ်မျှမလှုပ် ဘတ်ခ်ဟျွန်းကို ကြည့်နေမိတယ်။

" ကိုယ်တို့ ထမင်းအတူ စားရအောင်။ "

" ဟုတ် ရပါတယ်။ "

" လာ .. သွားမယ်။ "

ရုတ်တရက် ဂယောင်ဆူးရဲ့ လက်ကောက်ဝတ်ကို ဘတ်ခ်ဟျွန်း ဖမ်းဆုပ်ပြီး ဆွဲခေါ်သွားသည်။ ဘယ်ကိုသွားမှာလဲ။ နားနေခန်းမှာ သူတို့အတွက် ပြင်ပေးပြီးပြီလေ နေ့လည်စာက။

" စီနီယာ .. ဘယ်သွားမို့လဲဟင်။ "

ဘတ်ခ်ဟျွန်းက သူ့ရဲ့ ကားပေါ်မှာ နေရာချပေးပြီး သူကိုယ်တိုင်က မောင်းသူနေရာ ဝင်ထိုင်သည်။ ခုဏနေ ရိုက်ကူးရေးရှိသေးတာကို မေ့နေတာများလား။

" ဟန်မြစ်ကြည့်ပြီး နေ့လည်စာစားတာ ပိုအရသာရှိတယ် ပြောနေကြတာပဲ။ "

" ဒါဆို အခုက ဟန်မြစ်ကို သွားမှာလား။ "

ဂယောင်ဆူးအ‌မေးကို ဘတ်ခ်ဟျွန်းက ခေါင်းငြိမ့်ပြီး ပြုံးပြုံးလေး ဖြေသည်။ မဖြစ်ဘူးလေ။ ဟန်မြစ်မှာ လူအဲ့လောက်များတာ။ ကျွန်တော်က ဘာမှမဖြစ်ပေမဲ့ စီနီယာ့ကို မြင်ပြီး ဗရုတ်သုတ်ခတွေ ဖြစ်ကုန်မှဖြင့်။ နောက်ပြီး သူတို့နှစ်ယောက်အပြင် ကားပဲပါတာလေ။

" ဘာမှမပူပါနဲ့။ ကိုယ်တို့သွားလို့ ရပါတယ်။ "

ဒီအတိုင်း ကြောင်ပြီး ထိုင်နေတဲ့ ဂယောင်ဆူးရဲ့ ထိုင်ခုံခါးပတ်ကို ဘတ်ခ်ဟျွန်းကပဲ ပတ်ပေးပြီး အေးအေးဆေးဆေး ပြန်ဖြေသည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now