[ Uni ]
" ဟန်နီ! ကိုယ်လုပ်နေတာ အပြောင်အပျက်လို့ ထင်နေတာလား ဟမ်! "
ဘတ်ခ်ဟျွန်းရဲ့ လေသံခပ်မာမာကြောင့် ဂယောင်ဆူး နှုတ်ခမ်းအတွင်းသားကို ဖိကိုက်ထားမိသည်။
ကိုရီးယားကို ပြန်လာပြီးတဲ့ တစ်လကျော်အတွင်း ဂယောင်ဆူးက သူ့အလုပ်တွေ ပြန်လက်ခံထားရသည်။ ဘတ်ခ်ဟျွန်း ဂျပန်က ရိုက်ကူးရေးပြီးတော့ ကြော်ငြာအချို့ကိုသာ လက်ခံထားသည်။
ဂယောင်ဆူးဖက်ကလည်း ဘတ်ခ်ဟျွန်းကို သေချာ ပြန်လက်ခံပြီးပြီမို့ နှစ်ယောက်လုံး အဆင်ပြေပြေ ချစ်ကြည်နူးပြီး ရှိနေခဲ့ကြပါသည်။
သို့ပေမဲ့ ဂယောင်ဆူးကို We got married ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခြင်း ခံထားရသည်။ အပျော်သဘောဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပါတနာတစ်ယောက်နဲ့အတူ အစီအစဉ်တစ်ခုလုံး ရိုက်ရမှာက ဘတ်ခ်ဟျွန်း တွေးကြည့်လေ ရင်ပူလေ။
" အခုချက်ချင်း ကိုယ့်ကုမ္ပဏီကို ဖုန်းဆက်ပြီး ဟန်နီနဲ့ ကိုယ်တို့ တွဲတာကို ချပြမယ်။ "
ဘတ်ခ်ဟျွန်းက စားပွဲခုံပေါ်က ဖုန်းကို ကောက်ကိုင်ရင်း လေသံ ခပ်မာမာနဲ့ ပြောသည်။
" မလုပ်နဲ့လို့။ ဘတ်ခ်ဟျွန်း-ရှီ! ကလေးကစားစရာ ထင်နေတာလား! "
" ကလေးကစားစရာ မဟုတ်လို့ပေါ့ကွ! မင်းအဲ့ဒီလို တခြားတစ်ယောက်နဲ့ ချစ်သူတွေလို နေမှာကို ငါက ပျော်ပျော်ကြီး ထိုင်ကြည့်နေနိုင်တယ် ထင်လို့လား! ဟမ်! "
ဘတ်ခ်ဟျွန်း ဒေါသအမှန်တကယ် ထွက်နေကြောင်း ထောင်နေတဲ့ လည်ပင်းကြောတွေကို ကြည့်ရုံနဲ့သိသည်။ ပုံမှန် တော်ရုံဒေါသမထွက်တဲ့ ဘတ်ခ်ဟျွန်း၏ ယခုပုံစံကို ဂယောင်ဆူးကြောက်နေမိသည်။
နောက်ပြီး နားလည်ပေးရမယ် မဟုတ်ဘူးလား။ အလုပ်ကိစ္စပဲလေ။ ဒီလောက်တော့ နားလည်ပေးရမယ်လေ။
" ငါ အဲ့ဒီ ကိစ္စတစ်ခုတည်းနဲ့ ဒီလောက်ထိ ဖြစ်နေတယ် ထင်လား ဂယောင်ဆူး! မင်း ကိုရီးယားကို ပြန်ရောက်လာတဲ့ တစ်လအတွင်း ထွက်လာတဲ့ Dating News က နှစ်ခု! အဲ့နှစ်ခုကို မင်းငါ့ကို ဘာရှင်းပြလဲ! ဟမ်! ငါမေးတော့လည်း မင်း စကားလမ်းကြောင်း လွှဲသွားတာတွေကြီးပဲ! နောက်ပြီး အခု မင်းလက်ခံထားတဲ့ အဲ့ဒီ show က မင်းနဲ့ Dating News ထွက်ထားတဲ့ မင်းသမီးနဲ့! တောက်စ်! "
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐