[ 23 ]

113 13 11
                                    

[ Uni ]

" ဂယောင်ဆူး .. ဂယောင်ဆူးရေ ညစာလာထွက်စားဦးလေ။ "

" မဆာဘူး ချန်းယောလ်။ ကျွန်တော် မစားတော့ဘူး။ "

ချန်းယောလ် ညနေ လေးနာရီလောက်ကတည်းက အိမ်ပြန်ရောက်ပေမဲ့ ဂယောင်ဆူး အခန်းထဲက ထွက်လာတာ တစ်ကြိမ်မှ မမြင်ရသေးပါ။ ခုနှစ်နာရီလောက်တုန်းက ညစာစားဖို့ တစ်ခေါက် ခေါ်ပေမဲ့ ဂယောင်ဆူးက မစားသေးဘူးဆိုပြီး ငြင်းသည်။ အခု ကိုးနာရီခွဲတော့မှာမို့ ခေါ်တော့လည်း မထွက်လာ‌ပါ။

" နေ့လည်စာရော စားထားလား ဂယောင်ဆူး။ "

တစ်ဖက်က တိတ်ဆိတ်နေသည်။ ပုံမှန်ဆို နေ့လည်စာမှာစားရင် ဖြစ်ဖြစ် ၊ ကိုယ်တိုင်တစ်ခုခုချက်စားထားတဲ့ အရိပ်အယောင်တွေ ကျန်သည်လေ။ စားပြီးရင် တော်တော်ကြာမှ ပန်ကန်ဆေးတက်‌တဲ့ ဂယောင်ဆူးအကျင့်ကို သိတာကြောင့် ပန်းကန်ဆေးစင်မှာလည်း ဘာမှ မတွေ့သည်မို့ မေးရခြင်းဖြစ်သည်။

" ဂယောင်ဆူး ညစာတော့ ထွက်စားပါကွာ။ နေ့လည်စာလည်း မစားထားဘူးမလား။ ကိုယ်သိတယ်။ ပြန်ပြီး လဲသွားမှာ စိုးလို့ပါ။ "

" ကျွန်တော် မဆာဘူးလို့။ အိပ်တော့မှာမို့ ချန်းယောလ်လည်း နားပါတော့။ "

ဂယောင်ဆူးရဲ့ အသံက နည်းနည်းကျယ်လာတာမို့ ချန်းယောလ် သက်ပျင်းချကာ လက်လျှော့ပြီး ထွက်လာရသည်။ ကြည့်ရတာ စီနီယာ ဘတ်ခ်ဟျွန်းနဲ့ တစ်ခုခု ဖြစ်ထားသည် ထင်သည်။ ဒီနှစ်ယောက်ကတော့လေ အမြဲတမ်း။

ဘတ်ခ်ဟျွန်းကို ဖုန်းဆက်ပြီး မေးရမယ်။
‌လာပြီး ဖြေရှင်းခိုင်းရမယ်။ ဂယောင်ဆူး ဆေးရုံက ဆင်းတာ တစ်ပါတ်ပဲ ရှိသေးတယ်လေ။ ဂရုစိုက်မှ ရမှာ။

ဒါတောင်မှ ဒီကြားထဲ ဘတ်ခ်ဟျွန်းက အားရင်အားတဲ့ချိန်လာပြီး ဂယောင်ဆူးကို မုန့်တွေရော ထမင်းတွေရော ဟိုဟာကျွေးလိုက် ဒီဟာကျွေးလိုက်နဲ့မို့ နည်းနည်းလေးပြန်ပြီးပြည့်လာတယ် ပြောရမယ်။

* ဟယ်လို စီနီယာ *

* ချန်းယောလ် ပြောလေ။ *

စီနီယာရဲ့ အသံကပါ စိတ်ဓာတ်ကျပြီး မှိုင်တွေနေတဲ့ အသံမို့ ချန်းယောလ် စိတ်ညစ်သွားသည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now