[ Uni ]
" ကျွန်တော်တို့ တွဲဖြစ်သွားရင် စီနီယာ အတွက်ရော ကျွန်တော့်အတွက်ရော ကောင်းမယ်မထင်ဘူး။ "
ဂယောင်ဆူးကို သေချာစိုက်ကြည့်နေတဲ့ ဘတ်ခ်ဟျွန်းက ဂယောင်ဆူးအဖြေကို ကြားတော့ ဖက်ထားတဲ့ လက်တွေ ပြေလျော့သွားသည်။
" ဘာလို့ မကောင်းမှာလဲ။ ကိုယ်တို့တွဲတာ ဘာပင်ပန်းမှာမို့လဲ။ "
" စီနီယာက .. "
ဂယောင်ဆူးရဲ့ စကားတွေက ဘတ်ခ်ဟျွန်းရဲ့ နှုတ်ခမ်းပါးတွေကြား ကျပျောက်သွားသည်။ ဂယောင်ဆူးမျက်ဝန်းရှေ့မှာ မြင်နေရတဲ့ ဘတ်ခ်ဟျွန်းက မျက်ဝန်းတွေကို မှိတ်ထားသည်။ နူးနူးညံ့ညံ့လေး ထိတွေ့ခံထားရတဲ့ နှုတ်ခမ်းတွေ။ ဂယောင်ဆူးရဲ့ ခါးကို ဆွဲပြီးအနားကို အားပါပါနဲ့ တိုးကပ်လိုက်တာမို့ ရုတ်တရက် ဂယောင်ဆူးရဲ့ လက်တွေက ဘတ်ခ်ဟျွန်းကို ပြန်လည်ဖက်တွယ်သွားမိသည်။
" ကိုယ်က အောင်မြင်နေတဲ့ သရုပ်ဆောင်မို့လို့ ဆိုပြီး အကြောင်းပြချက် မပေးနဲ့။ ကိုယ်မေးတာ ကိုယ်တို့ တွဲမလားပဲ မေးတာ။ "
ခပ်တိုးတိုးလေးပဲ ပြောနေတာမို့ ဘတ်ခ်ဟျွန်းရဲ့ လေသံတွေက ပိုနွေးထွေးနေသယောင်။ နီးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုကြားက ရင်ခုန်သံတွေ။ ပုံမှန်ထက် ပိုတည်ငြိမ်နေတဲ့ ဘတ်ခ်ဟျွန်းရဲ့ မျက်ဝန်းတွေ။ ဝိုင်းစက်ပြီး ရှုပ်ထွေးနေပုံပေါ်တဲ့ ဂယောင်ဆူးရဲ့ မျက်ဝန်းဝိုင်းတွေ။
" ကျွန်တော် စီနီယာ့ကို ချစ်တယ်! "
တုန်ယင်စွာ ထွက်ကျလာတဲ့ စကားစုတွေကြောင့် ဘတ်ခ်ဟျွန်းပြုံးလိုက်သည်။ ပြောပြီး သူ့ရင်ခွင်ထဲ မှီချသွားတဲ့ ကိုယ်လေးကို ပိုတင်းနေအောင် ဖက်ပစ်လိုက်တယ်။
" အဟင့် ! "
" ဂယောင်ဆူး ဘာဖြစ်တာလဲ။ ကိုယ့်ကို ကြည့်ဦး။ "
ရှိုက်သံကြောင့် ဆွဲမော့လိုက်တော့ မျက်ဝန်းဝိုင်းဝိုင်းတွေထက် မျက်ရည်စတွေ ကပ်တွယ်နေတယ်။ မျက်တောင်ကော့ကော့တွေမှာလည်း တွဲလဲခိုနေသေးတယ်။
" ဘာလို့ငိုတာလဲ။ ကိုယ်နဲ့တွဲရမှာ အဲ့လောက်ကြောက်တာလား။ "
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐