[ 9 ]

116 28 16
                                    

[ Uni ]

တင်း တောင်!

အခန်းတံခါးမှ အသံကြောင့် ဘတ်ခ်ဟျွန်းနဲ့ ဂယောင်ဆူး တီဗွီကြည့်နေရာမှ ပြိုင်တူ လှည့်ကြည့်မိသည်။

" ဒီအချိန် ဘယ်သူလာဖို့ ရှိလို့လဲ။ "

ဘတ်ခ်ဟျွန်းက အာလူးကြော်ထုပ်‌ဖောက်နေရင်း ဂယောင်ဆူးကို ကြည့်ပြီး‌ပြောသည်။

" မရှိပါဘူး။ ဒီနေ့က ပိတ်ရက်လေ။ ပြီးတော့ မန်နေဂျာအစ်ကိုတွေလာရင် ဖုန်းကြိုဆက်မှာပေါ့။ "

ဂယောင်ဆူးက ခေါင်းခါပြီး မျက်လုံးဝိုင်းတွေနဲ့ကြည့်ကာ ပြန်ပြောလာသည်။ ရုတ်တရက် ဘတ်ခ်ဟျွန်းက မျက်ဝန်းခပ်မှေးမှေးကို ပိုမှေးအောင်လုပ်ပြီး စိုက်ကြည့်လာသည်။

" ဟိုဂျုံအင် ဆိုတဲ့ တစ်ယောက်ကို ခေါ်ထားတာလား။ "

" ဟာ .. မဟုတ်ပါဘူး အချစ်ရဲ့။ အခု သူက သူ့ပွဲနဲ့သူတောင် မအားဘူး။ "

ဘတ်ခ်ဟျွန်းက မေးရင်းနဲ့ သူ့ပေါင်ပေါ်တင်ထားတဲ့ ဂယောင်ဆူးရဲ့ ခြေ‌ထောက်တွေကို အသာဖယ်ပြီး ထသွားသည်။ ဂယောင်ဆူးက ဘတ်ခ်ဟျွန်းဖောက်ထားပေးတဲ့ အားလူးကြော်ထုပ်လေးကို အဆင့်သင့်စားပြီး တီဗွီကို ပြန်ကြည့်နေသည်။

" ဘယ်သူပါလဲ။ "

မော်နီတာက ခလုတ်လေးကို နှိပ်ပြီးပြောလိုက်တော့ သတ်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။

" ဒိုဂယောင်ဆူး ရဲ့ အမေပါကွယ်။ "

ဘတ်ခ်ဟျွန်း တစ်သက်နဲ့တစ်ကိုယ် ပွဲဦးထွက်စ,တုန်းက ဖြစ်သလိုမျိုး ရင်တွေ ခုန်လာသည်။ ဟန်နီ့ရဲ့ အမေတဲ့။

" ဟန်နီ! ဟန်နီ! လာဦး။ "

ဘတ်ခ်ဟျွန်းက အလန့်တကြား အော်ခေါ်နေတာမို့ ဂယောင်ဆူးတစ်ယောက် အပြေးလေးရောက်လာသည်။

" ဘာလဲ အချစ်။ ဘာဖြစ်လို့လဲ။ "

" ဟန်နီ့ အမေတဲ့။ ဟုတ်လား ကြည့်လိုက်ဦး။ "

" ဟင်! "

ဂယောင်ဆူးက မျက်လုံး ဝိုင်းတွေနဲ့ ပြန်ကြည့်လာတာမို့ ဘတ်ခ်ဟျွန်း ခေါင်းငြိမ့်ပြလိုက်သည်။ ဂယောင်ဆူးက မော်နီတာပေါ်ကို ပြန်ကြည့်ပြီး မျက်လုံးလေးက ပိုပြူးသွားပြီး နှုတ်ခမ်းကို တင်းတင်းစိထားသည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now