[ 15 ]

130 20 31
                                    

[ Uni ]

" ဂယောင်ဆူး သက်သာလား။ ဆေးခန်းထပ်သွားမလား။ "

စောင်ပုံတွေကြားထဲက ဂယောင်ဆူးရဲ့ မျက်နှာလေးက အဖျားရှိန်ကြောင့် နီရဲနေသည်။ အပြင်မှာ နှင်းတွေ အဆက်မပျက်ကျနေသေးသည်။ ဂယောင်ဆူးဖျားတာ နှစ်ရက်ရှိပြီ။ မနေ့က ဆေးခန်းသွားပြီး ဆေးထိုးထားပေမဲ့ အခုထိ အဖျားမကျသေး။

" ဆေးသောက်လိုက်ရင် ပျောက်မှာပါ။ "

" ဒါဆို အခုလောလောဆယ် ဆန်ပြုတ်လုပ်ထားပေးတယ်။ သောက်လိုက်နော်။ ပြီးကျဆေးသောက်လိုက်။ "

ချန်းယောလ်က ဂယောင်ဆူးအနားသွားကာ ထဖို့ကူပြီး မှီဖို့ရာ ခေါင်းဦးဖြင့် ခုပေးသည်။

" ရော့။ ‌ဖြည်းဖြည်းစားနော်။ အခုမှပြုတ်လာတော့ ပူတယ်။ ကိုယ်ခွံ့ပေးရမလား "

" ရပါတယ်။ ကိုယ့်ဟာကိုယ်တော့ စားနိုင်ပါတယ်။ "

ဂယောင်ဆူးက ခပ်‌ဖြေးဖြေးပြုံးရင်း ပြောသည်။ ပူမှာစိုးလို့ ပန်းကန်ပြားတစ်ခုဖြင့် ခံထားတဲ့ ဆန်ပြုတ်ပန်းကန်လေးကို ‌ဂယောင်ဆူးကို ပေးလိုက်သည်။ ပြီးတော့ချန်းယောလ်က ကုတင်ဘေးက စာရေးစားပွဲမှာထားတဲ့ ခုံလေးကိုယူပြီး ဂယောင်ဆူးဘေးတွင် ထိုင်သည်။ ခြေဆင်းထားတဲ့ ဂယောင်ဆူး ခြေသလုံးနဲ့ ပေါင်လေးတွေကို ခပ်ဖွဖွနှိပ်ပေးနေသည်။ မနေ့ညကဆို ဂယောင်ဆူးတစ်ညလုံး ကိုက်လို့ငြီးနေတာ။

" အပြင်သွားချင်တယ်။ "

ဂယောင်ဆူးက ဆန်ပြုတ်သောက်နေရာမှ ရပ်ပြီး ပြောသည်။

" နှင်းတွေကျနေတယ်လေ ဂယောင်ဆူးရဲ့။ အဖျားသေချာပျောက်မှ သွားကြမယ်လေနော်။ "

ဂယောင်ဆူးက အသာတကြည်ပဲ ခေါင့်ငြိမ့်ပြသည်။

" တော်ပြီ ချန်းယောလ်။ "

" တစ်ဝက်တောင်မကုန်သေးဘူး။ "

" မစားနိုင်တော့ဘူး။ ဆေးပေးလေ သောက်လိုက်မယ်။ "

တစ်ဝက်တောင်မကျိုးသေးတဲ့ ဆန်ပြုတ်ပန်းကန်ကို ချန်းယောလ်ဆီပေးလာသည်။ ဂယောင်ဆူး မဖျားခင်ကတည်းက အစား‌နည်းလာတာ။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now