[ Uni ]
ခပ်စိတ်စိတ် မြင်လာရတဲ့ ဘတ်ခ်ဟျွန်းရဲ့ Dating News တွေ။ ဒါပေမဲ့ ကျွန်တော်နဲ့တုန်းကလို ယောကျာ်းအချင်းချင်း ဖြစ်နေတာ မဟုတ်တဲ့အတွက် ဝေဖန်မှု့တွေက သိပ်ထွေထွေထူးထူးမရှိနေဘူး။ ဒါတောင် ကျွန်တော်တို့တုန်းက Dating ရယ်လို့တောင် အတိအကျမဖြစ်နေခဲ့ဘူး။ Moment တွေရယ်၊ ဟန်မြစ်ကို အတူသွားခဲ့ဖူးတာလောက်ပဲ။
" ဂယောင်ဆူး မင်း စီနီယာ ဘတ်ခ်ဟျွန်းနဲ့ ဘာလို့ လမ်းခွဲလိုက်တာလဲ။ "
ဂျုံအင်က ဂယောင်ဆူးရဲ့ အရင်က ရိုက်ဖူးတဲ့ ဇာတ်ညွှန်းစာရွက်တွေကို ဖွပြီး ပြောသည်။ ဂယောင်ဆူး မသိမ်းဖြစ်တာ ကြာပြီ။
ဂျုံအင်ရဲ့ အမေးကို ဖြေဖို့အဖြေက အတိအကျမရှိနေဘူး။ ဘာလို့ဆို နှစ်ယောက်စလုံးရဲ့ နာမည်ကြောင့်လို့ ဖြေဖို့က တိကျတဲ့ အကြောင်းအရင်း မဖြစ်နေဘူးလို့ ဂယောင်ဆူး ခံစားမိသည်။
" ဘတ်ခ်ဟျွန်းက ဖောက်ပြန်လို့လား။ "
" ဂျုံအင်!! "
တိတ်ဆိတ်နေတဲ့ ဂယောင်ဆူးက ဂျုံအင်အပြောကြောင့် ခပ်မာမာအော်သည်။ ဂျုံအင် ရီလိုက်ပြီး ဂယောင်ဆူးဘေး သွားကာ ဂယောင်ဆူးပုခုံးတွေကို ဖက်လိုက်သည်။
" မင်းနဲ့ မတွဲခင်က ဗြောင်ဘတ်ခ်ဟျွန်းဆိုတဲ့လူက ဘာ Dating News မှ မထွက်ဖူးတဲ့ သမိုင်းဝင်လိုလူလေ။ အခုကျ ဟိုမင်းသမီးနဲ့လည်း ထွက်နေတာပဲ။ ဒီမင်းသမီးနဲ့လည်း ထွက်နေတာပဲ။ "
" တော်တော့ ဂျုံအင်!! မင်း အလုပ်မရှိရင်လည်း ပြန်တော့! "
ဂယောင်ဆူးက ပြောပြီး အိပ်ခန်းထဲ ဝင်သွားသည်။ ကျန်ခဲ့တဲ့ ဂျုံအင်က သက်ပျင်းကို အားပါပါချပြီး သူငယ်ချင်းဂယောင်ဆူးတွက် စိတ်မကောင်းဖြစ်နေရသည်။
ဂယောင်ဆူးဟာ အလုပ်တွေပဲ ပိနေပြီး ပျော်ရွှင်မှု့တစ်စွန်းတစ်စမှ ရှိမနေသလိုဖြစ်နေတာ။ ဘတ်ခ်ဟျွန်းနဲ့ လမ်းခွဲပြီး တစ်လအတွင်း ပိန်ကျသွားတဲ့ ခန္ဓာကိုယ်က စိတ်ပင်ပန်းနေတာပါ လို့ ပြောနေသယောင်။
ဘာတွေ ဖြစ်ခဲ့လဲ အတိအကျမသိပေမဲ့ ဂယောင်ဆူးဟာ ပျော်ဖို့ထိုက်တန်တဲ့သူလေ။ သူ့သူငယ်ချင်း ဂယောင်ဆူးက သူချစ်တဲ့ အနုပညာလောကမှာ နာမည်ရလာတာကို မပျော်ရပဲ ပင်ပန်းနေပုံပေါ်သည်။ ခန္ဓာကိုယ်မဟုတ်ပဲ စိတ်ပင်ပန်းနေတဲ့ပုံ။
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐