[ 6 ]

162 34 31
                                    

[ Uni ]

* ဂယောင်ဆူး မင်းဘာဖြစ်နေတာလဲ။ ဒါလေးတောင် နားမလည်နိုင်ဘူးလား။ *

ဖုန်းထဲကနေတောင်မှ မာထန်နေတဲ့ အသံကြောင့် ဂယောင်ဆူး နှုတ်ခမ်းကို ပေါက်ထွက်မတက် ဖိကိုက်ထားမိသည်။ ဘတ်ခ်ဟျွန်းက သူ့ကိုအော်နေတယ်။ တော်တော်စိတ်တိုနေတဲ့ပုံပဲ။

* ကျွန်တော် .. ဟင့် *

* ငိုဖို့ပဲ နည်းနည်းဆို။ ငါပင်ပန်းနေတယ်။ ဖုန်းချလိုက်တော့မယ် *

အသိပေးပြီးသည်နဲ့ တိခနဲ ကျသွားတဲ့ ဖုန်းစခရင်ကို ငေးရင် မျက်‌ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာသည်။ ကုတင်ပေါ် ဖြစ်သလိုထိုင်ချပြီး မျက်ရည်တွေကို သုတ်နေပေမဲ့ မတိတ်သွားတဲ့အပြင် ပိုကျလာတယ်။

ဘတ်ခ်ဟျွန်း dating news ထွက်ပြီးကတည်းက မအားမှာစိုးလို့ ဆိုပြီး သူကလည်း ဖုန်းမဆက်ဖြစ်သလို ၊ ဘတ်ခ်ဟျွန်းဖက်က မဆက်လာတာလည်း ဆယ်ရက်ကျော်ပြီ ဖြစ်သည်။ ဒါ့အပြင် အခုဘတ်ခ်ဟျွန်းရိုက်နေတဲ့ ဇာတ်ကားထဲက ဘတ်ခ်ဟျွန်းနဲ့ မင်းသမီး ဟယ်ဆွန်းတို့ရဲ့ Moment တွေက မမြင်ချင်မှအဆုံး။

ဂယောင်ဆူးလည်း သဝန်တိုတက်တာပဲလေ။ ပင်ပန်းနေမယ်မှန်းသိလို့ မတ်ဆေ့ဂ်ျက်ုတောင် အရှည်ကြီးမပို့ရဲခဲ့ဘူး။ စာတွေအများကြီး ပို့ထားတာတောင် ဘတ်ခ်ဟျွန်းက seen ပြပြီး reply မပြန်တော့ ပိုပြီး ခံစားရသည်။ ငါလုပ်တာ အပိုတွေ ဖြစ်နေလားဆိုတဲ့ စိတ်က ပိုကြီးစိုးလာတာမို့ အလုပ်မှာတောင် အာရုံမစိုက်နိုင်တဲ့ အထိပဲ။

ဘတ်ခ်ဟျွန်း ကျွန်တော့်ကို ငြီးငွေ့နေပြီလား။ စိတ်ကုန်သွားတာလား။

ရင်ဘတ်ထဲက လေးလံလာတဲ့ ခံစားချက်က စို့တက်နေသည်။ မဟုတ်လောက်ပါဘူးလေ။ သူတကယ် ပင်ပန်းနေလို့နေမှာပါ။ အချစ်က အများကြီး အလုပ်တွေ ကြိုးစားနေတာလေ။

.

" ဘတ်ခ်ဟျွန်းကို ကြည့်ရတာ သိပ်မလန်းဘူးရော်။ ဘာဖြစ်တာလဲ နေမကောင်းဘူးလား။ "

စကားနဲ့အတူ နဖူးပေါ်ကျရောက်လာတဲ့ ဟယ်ဆွန်းရဲ့ လက်သွယ်သွယ်တွေ။ ဘတ်ခ်ဟျွန်း ပြုံးရုံပြုံးပြလိုက်ပြီး ခေါင်းခါပြလိုက်သည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now