[ 11 ]

124 29 41
                                    

[ Uni ]

" ဂယောင်ဆူး-ရှီ .. လက်ခံပေးလို့ကျေးဇူးတင်ပါတယ်။ ဒီကာရိုက်တာမှာ ဂယောင်ဆူးကို အသင့်တော်ဆုံးလို့ ရွေးထားတာမို့။ "

ပတ်ချန်းယောလ်က သူ့ရဲ့ နာမည်နဲ့အညီကျော်ကြားတဲ့ ပါးချိုင့်ကြီးကြီးပေါ်အောင်ပြုံးပြီး ဆိုလာသည်။

" အာ .. ဟုတ် ကျွန်တော့်ကို ကမ်းလှမ်းလာပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ချန်းယောလ်-ရှီနဲ့ အတူ တွဲသရုပ်ဆောင်ခွင့်ရလို့ ဂုဏ်ယူရမှာ။ "

" မဟုတ်တာ။ ဂယောင်ဆူးက တကယ် အရည်အချင်းရှိတာမို့လေ။ ကော်ဖီ သောက်ပါဦး"

ဂယောင်ဆူးရှေ့ ဝန်ထမ်းမလေးတစ်ယောက် လာချပေးသွားတဲ့ ကော်ဖီခွက်ကို ချန်းယောလ်က တိုးပေးပြီးပြောသည်။

" ဟုတ်ကဲ့။ ဟိုလေ .. ဒီတစ်လော စီနီယာ ဘတ်ခ်ဟျွန်းရဲ့ လှုပ်ရှားမှု့တွေ များနေလားဟင်။ "

သူ့အမေးကြောင့် အနည်းငယ်ကြောင်သွားပုံရသည်။ အလုပ်တွေ မနိုင်မနင်းဖြစ်လို့ ဘတ်ခ်ဟျွန်း သူ့ကို အခုလိုလျှစ်လျှူရှု့နေတာလား ပြောမရဘူးလေ။

" ဟင် ? "

" ဟို စီနီယာ ဘတ်ခ်ဟျွန်းက ကျွန်တော်နဲ့ serie အတူတူရိုက်ဖူးတော့လေ ရင်းနှီးနေတာ။ အခုတလော အဆက်အသွယ်မရလို့လေ။ ချန်းယောလ်က သိမလားလို့ပါ။ အေဂျင်စီကလည်း တူတူပဲဆိုတော့။ "

မလုံမလဲနဲ့ အများကြီး ရှင်းပြလိုက်ရတာကြောင့် အသက်ကို ခပ်ညှင်းညှင်းရှူပြီး ပြုံးပြလိုက်ရသည်။ အမှန်တကယ်ဆို ကိုယ့်ချစ်သူတစ်ယောက်လုံးရဲ့ အကြောင်း ဖြစ်နေတာကို သူများစီမှာ သွားမေးနေရတာ ဖြစ်သင့်လား။ ဘာတွေ ဖုံးကွယ်ချင်နေတာလဲ အချစ်ရယ်။

" နည်းနည်းတော့ အလုပ်များနေတဲ့ပုံပဲ။ စီနီယာက အလုပ်တအားကြိုးစားတယ်လေ။ သူ့ကို အလုပ်သရဲလို့တောင် ခေါ်ကြတာ။ "

ခပ်ဟဟ ရယ်ပြီး ပြောနေတဲ့ ချန်းယောလ်ကြောင့် ဂယောင်ဆူး စိတ်တော့ အနည်းငယ်ပေါ့သွားသလိုပင်။

အလုပ်ကိစ္စအတွက် လိုအပ်သည်များကို ပြောပြီးသည်နှင့် ချန်းယောလ်က စားသောက်ဆိုင်တစ်ခုခေါ်သွားပြီး နေ့လည်စာလိုက်ကျွေးသည်။ ပုံမှန် နာမည်ကြီး အနုပညာရှင် အများစု လာနေကျ ဂျပန်စားသောက်ဆိုင်လေးဖြစ်ပြီး လူငယ်များအကြားလည်း ရေပန်းစားသည်။ privacy အတွက် စိတ်ချရတဲ့ ဆိုင်လေးဖြစ်တာကြောင့် အပန်းဖြေချင်တဲ့ အနုပညာရှင်အများစု လာရောက်ကြသည်လေ။ ဂယောင်ဆူးက ဘတ်ခ်ဟျွန်းနှင့် တစ်ခေါက်သာ ရောက်ဖူးသည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now