[ 20 ]

109 16 14
                                    

[ Uni ]

Ring_!

အိပ်မောကျနေတဲ့ ဂယောင်ဆူး မျက်နှာလေးကို ငေးနေမိတဲ့အချိန် ထ,မြည်လာတဲ့ ဖုန်းသံကြောင့် ဘတ်ခ်ဟျွန်း မျက်မှောင်ကြုတ်လိုက်မိသည်။ မနေ့ညက အိပ်ယာဝင် နောက်ကျသည်မို့ နှိုးသွားမှဖြင့်။

* ဟယ်လို *

* စီနီယာ ကျွန်တော် ဒီနေ့ အလုပ်ကိစ္စအရေးကြီးလို့ မလာဖြစ်လောက်တော့ဘူး။ ဂယောင်ဆူး ဆေးရုံဆင်းမဲ့ ကိစ္စ စီနီယာပဲ ကြည့်လုပ်ပေးလိုက်ဦးနော်။ *

ချန်းယောလ်က မှာစရာရှိတာတွေ မှာပေးနေသည်။ ဘတ်ခ်ဟျွန်းက ဂယောင်ဆူး နှိုးသွားမှာစိုးလို့ အဝေးမှာရပ်နေတာတောင် လေသံလေး‌နဲ့ ပြောနေသည်။

မနေ့ညက ချန်းယောလ် ဂယောင်ဆူးအတွက် ဆန်ပြုတ်ဝယ်ပေးပြီးသည်နှင့် အရေးကြီးကိစ္စရှိတယ်ဆိုပြီး ထွက်သွားသည်။ ဂယောင်ဆူးအတွက် ဒီအတောအတွင်း အစစအရာရာ ဂရုစိုက်ပေးခဲ့တဲ့ ချန်းယောလ်ကို ကျေးဇူးတင်ကြောင်း ပြောမိတော့ 'ဂယောင်ဆူးက စီနီယာ့ကို လိုအပ်နေတဲ့အချိန်မှာ ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်' တဲ့။

တကယ်လို့ ဘတ်ခ်ဟျွန်းသာ ဂယောင်ဆူးရဲ့ စိတ်ရင်းအမှန်ကို မသိရရင် ရှေ့လျှောက်အများကြီး ရှောင်ဖယ်နေမိဦးမှာ။ ပန်းခြံမှာတုန်းက တကယ်တမ်း ဘတ်ခ်ဟျွန်း နောက်ဆုံးအနေနဲ့ တောင်းပန်ချင်လို့ ဒီကလေးကို စိတ်ကိုတင်းပြီး စကားပြောခဲ့ရတာ။ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ရှေ့လျှောက်အတက်နိုင်ဆုံး ဒီကလေးကိုရှောင်ဖယ်ပေးရအောင် နောက်ဆုံး ... နောက်ဆုံးအကြိမ်အနေနဲ့ တောင်းပန်စကားကို ပြောဖို့ သူ‌ဆုံးဖြတ်ခဲ့တာ။

တုန်လှုပ်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေ ၊ တုန်ယင်နေတဲ့ လက်ချောင်းသေးသေးတွေကို မြင်နေရတာက ဘတ်ခ်ဟျွန်းအတွက် အပြစ်ပိုကြီးသလို ခံစားစေရသည်။

တောင်းပန်ချင်တဲ့ စိတ်တွေ အပြည့်အလျှံနဲ့မို့ ဒီကလေးလက်မခံမှာကိုလည်း စိုးရိမ်ခဲ့သည်။ သူ့ကို လက်မခံရင်တောင် မုန်းမသွားဖို့အတွက် နေ့နေ့ညည ဆုတောင်းနေခဲ့တာတွေကို ဘတ်ခ်ဟျွန်းအသိဆုံး ဖြစ်လိုက်မည်။

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now