[ Uni ]
" စီ .. စီနီယာ "
ဂယောင်ဆူးက ဘတ်ခ်ဟျွန်းကို ထိတ်လန့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသည်။ ဆိုဂျူအရှိန်ကြောင့် အနည်းငယ် ရီဝေနေတဲ့ ထိုမျက်ဝန်းမှိန်းမှိန်းတွေကို ငေးပြီး အသက်ကို ခပ်ညှင်းညှင်းရှူနေရသည်။
" စီနီယာ .. ရရဲ့လား။ ကျွန်တော် တွဲကူမယ်လေ။ "
" ကိုယ်မမူးသေးဘူး။ "
ဂယောင်ဆူးတို့ ရိုက်ကူးရေး ပြီးဆုံးသွားပြီမို့ ညစာစားဝိုင်း ဖွဲ့ကြသည်။ အခုလည်း ဘတ်ခ်ဟျွန်းက ဆိုဂျူသုံးပုလင်းလောက် ဝင်ထားတာကို မမူးသေးပါဘူးတဲ့။ ဂယောင်ဆူးနဲ့ ဘတ်ခ်ဟျွန်း အတော်ရင်းနှီးလာကြပေမဲ့ ဂယောင်ဆူးက ဘတ်ခ်ဟျွန်းကို စီနီယာတစ်ယောက်လို ပီပီပြင်ပြင် ဆက်ဆံနေတုန်းဖြစ်သည်။
" ခုဏက ဘာလို့ မဖြေတာလဲ။ ကိုယ်တစ်ခါ ဟန်မြစ်မှာ မေးတုန်းကလည်း မဖြေဘူး။ "
နံရံနား ကပ်ခံထားရတဲ့ ဂယောင်ဆူးက ချွေးစေးတွေပါ ပြန်လာသည်။ ဘတ်ခ်ဟျွန်းက အနားပိုတိုးလာတာမို့ သူတို့ နှစ်ယောက်ရဲ့ အသက်ရှူသံတွေကို တစ်ယောက်နဲ့ တစ်ယောက် သတိထားမိတဲ့အထိ နီးကပ်နေပြီဖြစ်သည်။
" ကိုယ်နဲ့ နမ်းရတာ ဂယောင်ဆူး ဘယ်လို မနေဘူးလား။ ရင်လုံးဝ မခုန်တာလား။ "
" ဟို .. အဲ့လိုမဟုတ်။ "
ကလေးတစ်ယောက်လို မကျေမနပ်ပြောလာတဲ့ ဘတ်ခ်ဟျွန်းက နှာဖျားလေးတွေနီပြီး ဂယောင်ဆူးကို ရစ်နေသည်။ ဂယောင်ဆူး အမြန်ထွက်ချင်ပြီဖြစ်သည်။ သူတို့နှစ်ယောက် သန့်စင်ခန်းလာတာ မိနှစ်နှစ်ဆယ်လောက်ရှိပြီလေ။
" ဟို ကျွန်တော်တို့ သွားရအောင်လေ။ ကျွန်တော်တို့ကို အဖွဲ့သားတွေ စောင့်နေတော့မယ်။ "
" မသွားဘူး။ ဂယောင်ဆူး မဖြေမချင်း မသွားဘူး။ ကိုယ် ဒီသန့်စင်ခန်းမှာပဲ အိပ်လည်း အိပ်ရပါစေ။ "
ဘတ်ခ်ဟျွန်းက ထောက်ထားတဲ့ လက်ကို ရုတ်လိုက်ပြီး ဂယောင်ဆူး လက်နှစ်ဖက်လုံးကို ဆွဲယူပြီး ဆူအောင့်အောင့် ပြောသည်။ ဒီ ကလေးဆိုးနဲ့ ခက်လိုက်တာ။ ဘတ်ခ်ဟျွန်းနဲ့ နမ်းရတာ ရင်ခုန်လားဆိုတဲ့ မေးခွန်းကို မဖြေလို့ ရစ်နေတာ Actor Baekhyun ရဲ့ Image နဲ့ မလိုက်မဖက်။
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐