[ Uni ]
" ဒီအခန်းမှာ ဂယောင်ဆူးက ဆူဟီးနဲ့ နမ်းရမှာ။ အဲ့အချိန်မှာ ဘတ်ခ်ဟျွန်းက မြင်သွားပြီးတော့ ဂယောင်ဆူးလက်ကို အားပါပါနဲ့ဆွဲပြီး ခေါ်ထွက်သွားရမှာ။ "
" ဟုတ်ကဲ့။ "
" ဒါရိုက်တာကြီး ဒီအပိုင်းအတွက် ဇာတ်ညွှန်းမှာ နမ်းတဲ့အခန်းမပါဘူးလေ။ "
ဒါရိုက်တာကြီးက အခုရိုက်မဲ့ Scene ကို ရှင်းပြနေတဲ့အချိန် ဂယောင်ဆူးက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေသည်။ ဘတ်ခ်ဟျွန်းက ရုတ်တရက် ပုံမှန်ထက် မာနေတဲ့ အသံဖြင့် ဝင်ပြောတော့ ဒါရိုက်တာကြီး အနည်းငယ် ပျာယာခတ်သွားသည်။
" ဟို .. အဲ့ဒါကလေ "
" ဒါရိုက်တာကြီး ဇာတ်ညွှန်းတွေကို ဟိုလှည့်ဒီလှည့် လုပ်တာလောက် ကျွန်တော်မုန်းတာမရှိဘူး။ တကယ်လို့ ဇာတ်ညွှန်းတွေကို ပြောင်းနေမယ်ဆို ကျွန်ဝောာ် ဆက်မရိုက်နိုင်ဘူး။ "
ဂယောင်ဆူးလည်း နည်းနည်းလန့်နေရသည်။ အမြဲတမ်း နူးညံ့တဲ့ ပုံလေးနဲ့ ဘတ်ခ်ဟျွန်းက အခုလို စိတ်တိုနေတာကို ဂယောင်ဆူး ပထမဦးဆုံး မြင်လိုက်ရ၍ဖြစ်သည်။
" ဟို .. အဲဒါကလေ ကျွန်တော် ဒီဇာတ်ညွှန်းမှာ ဂယောင်ဆူးနဲ့ ဆူဟီး နမ်းတဲ့ အခန်းလေးပဲ ဖြည့်လိုက်တာပါ။ ပိုပြီး ဇာတ်ရှိန်တက် ... "
ရုတ်တရက် ထ,ရပ်လိုက်တဲ့ ဘတ်ခ်ဟျွန်းကြောင့် ဒါရိုက်တာကြီးရော ဂယောင်ဆူးပါအတူတူ ထ,ရပ်လိုက်မိသည်။ ဘတ်ခ်ဟျွန်းက ဖတ်ဖို့ပေးထားတဲ့ ဇာတ်ညွှန်းစာရွက်ကို စားပွဲခုံပေါ် ပစ်ချပြီး ဒါရိုက်တာကြီးကို မကြည့်ပဲ ပြောသည်။
" ကျွန်တော့်သဘောကို ပြောပြီးပြီ။ ကျန်တာ ဒါရိုက်တာကြီးတို့ အပိုင်းပဲ။ "
ရုတ်တရက် အခန်းထဲကနေ ထွက်သွားတဲ့ ဘတ်ခ်ဟျွန်းကြောင့် ဒါရိုက်တာကြီးရော ဂယောင်ဆူးပါ ဇောချွေးပြန်လာသည်။ ဘတ်ခ်ဟျွန်းက အလုပ်ကို တိကျသေချာအောင် လုပ်တက်တာ ဂယောင်ဆူးသိပေမဲ့ ဒီလောက်ထိ မထင်ထားခဲ့။ ဒီဇာတ်ကား ဆက်မရိုက်နိုင်တော့ဘူးလား။
.
" စီနီယာ.. "
" ဟင် .. ဂယောင်ဆူး လာလေ။ "
YOU ARE READING
𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?
Fanfiction" ဟန်နီ .. ကိုယ် မင်းကို ဒီအတောအတွင်း ပြောပြစရာတွေ အများကြီး ရှိနေခဲ့တာ " Started date - 24 . 4 . 2024 End date - ? 🍓🤍 𝑩𝑨𝑬𝑲𝑺𝑶𝑶 🍓🤍 𝑩𝒂𝒆𝒌𝒉𝒚𝒖𝒏 × 𝑲𝒚𝒖𝒏𝒈𝒔𝒐𝒐