[ 22 ]

98 13 18
                                    

[ Uni ]

ဂယောင်ဆူး မနက်‌အစောကြီး ဖုန်းကို တကြည့်ကြည့်ဖြစ်နေတာမို့ ချန်းယောလ်လည်း ဂယောင်ဆူးကို တကြည့်ကြည့်နဲ့။

ဆေးရုံက ဆင်းလာပြီး တစ်ပါတ်အတွင်း ဂယောင်ဆူး မေမေက တောက်လျှောက်ဖုန်းခေါ်နေပေမဲ့ ဂယောင်ဆူးက ဖုန်းကို မကိုင်။ လာရင် လာတဲ့အတိုင်း ထားသည်။ ချပစ်သည်။ စက်တော့မပိတ်။

" ဂယောင်ဆူး ဖုန်းကိုင်ပေးလိုက်ပါ။ စိတ်ပူနေမှာပေါ့။ "

ချန်းယောလ်က ချော့မော့ပြောပေမဲ့ ဂယောင်ဆူးက ဖုန်းလာနေတာကို ချပစ်သည်။

" အမေကို စိတ်မဆိုးရဘူးလေ။ "

" စိတ်မဆိုးပါဘူး။ ဒီတိုင်း မကိုင်ချင်လို့။ "

ဂယောင်ဆူးက ပြောပြီး မနက်စာစားနေသည်။ ချန်းယောလ်မှာတော့ ကလေးဆန်တဲ့ ဂယောင်ဆူးရဲ့ ပုံစံလေးကြောင့် ရီရခက် ငိုရခက်။ ဒါပေမဲ့ ကလေးဆန်တယ် ပြောရအောင်ကလည်း ဘတ်ခ်ဟျွန်းနဲ့ ဂယောင်ဆူးတို့ ကွဲကွာသွားအောင် လုပ်ခဲ့တယ်ဆိုတဲ့ စိတ်က အနည်းငယ်တော့ စိတ်ခုနေမှာပဲလေ။ သို့ပေမဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ဖက်က ကြည့်ရင်လည်း ကိုယ့်သားလေးရဲ့ လမ်းမှာ ဆူးငြောင့်ခလုတ်ဖြစ်မယ်ထင်လို့ ရှင်းခဲ့မိတဲ့ သဘော။

အကုန်လုံးက ရိုးရိုးရှင်းရှင်းနဲ့ ဖြေးဖြေးချင်း လွှဲခဲ့ကြရုံပါပဲ။

" ဟန်နီ .. မနက်စာတောင် စားနေပြီလား။ "

အသံနဲ့အတူ အနားရောက်လာတာက မလွှဲမသွေ ဘတ်ခ်ဟျွန်းပင်။ ဂယောင်ဆူး ဆေးရုံက ဆင်းပြီးကတည်းက နေ့တိုင်း အားရင်အားသလို မပျက်မကွက် လာနေတဲ့ ဘတ်ခ်ဟျွန်းကို တိုက်ခန်း လျှို့ဝှက်နံပါတ်‌ကုတ်ကိုပါ ပေးထားရသည်။

" စီနီယာ ထိုင်ဦးလေ။ "

" ချန်းယောလ် ... မင်းက မစားဘူးလား။ "

ချန်းယောလ်က ဘတ်ခ်ဟျွန်းကို ထိုင်ဖို့ပြောတော့ ဂယောင်ဆူးဘေးက ခုံတွင် ဝင်ထိုင်ပြီး မေးလာသည်။ ဂယောင်ဆူးကသာ မနက်စာစားနေတာ ချန်းယောလ်က ဒီတိုင်း ထိုင်နေတာလေ။

" ကျွန်တော် အပြင်သွားစရာရှိလို့လေ။ အလုပ်ကိစ္စနဲ့ မနက်စာစားဖို့ရော ချိန်းထားလို့။ အခုပဲ သွားတော့မလို့။ "

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now