မီးဖိုခန်းထဲ၌ ညစာအတွက် ပြင်ဆင်နေသည့် နုမျက်နှာ၌ပင်ပန်းသည့်အရိပ်အယောင်ပင်မေတွ့ရ။ချစ်ရသူအတွက်ပြင်ဆင်ပေးရသည်မို့ ငြီးငြူခြင်းမျိုးလည်းမရှိခဲ့ပြန်။ထမင်းစားပွဲပေါ်၌ ဟင်းခွက်တွေက အကုန်နီးပါးရောက်လို့နေသော်လည်း အပေါ်ထပ်၌ ရေချိုးနေသည့် မောင်ကတော့ အခုထိဆင်းမလာသေးပေ။"ဟာ ဟင်းနံ့တွေက တအားမွှေးတာပဲ ဗိုက်တောင်ဆာလာပြီ"
တီရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားသည့် မောင့်ကိုမြင်မှ နုစိတ်တွေအေးချမ်းလို့သွားသည်။မောင်ဟာ နုအတွက်တော့ နွေးထွေးရာလေး။စိတ်ပျော်ရွှင်မှုကလေး။
"တို့ကလေးလေး ဗိုက်ဆာနေပြီလား။ဒီမှာဟင်းရည်လေးပွက်အောင်ခဏစောင့်ဦးနော်"
"ဟုတ် စောင့်နေရင်း အန်တီ့ကိုဖက်ထားလို့ရမလား"
"ဘာရယ်"
"ဖက်ထားချင်လို့"
"တော်ပါ ထမင်းစားတော့မယ့်ကိစ္စကို"
"ထမင်းမစားခင် အန်တီ့ကိုစားမယ်လေ"
တစ်ခွန်းမခံပြန်ပြောနေတဲ့ မောင့်ကို နုတကယ်ပင်မနိုင်ပေ။ဒီကလေးဟာ အဲ့လောက်ထိ ချွဲတတ်သတဲ့လား။
"မောင်နော်"
"ဖက်ထားမှာပဲ"
ခုံမှထကာ ဟင်းအိုတည်ထားတဲ့နားမှာ မတ်တပ်ရပ်နေတဲ့နုဆီကိုသွားကာ နုခါးလေးကို ဖယ်တွယ်ကာ ခေါင်းကလေးကိုမှီထားလိုက်လေသည်။နွေးထွေးလိုက်တဲ့ ဒီအထိအတွေ့မှာ နုဟာ အမြဲကျရှုံးနေဆဲပင်။
"လွမ်းနေတာ"
"ဟောတော် အခုတွေ့နေတာကိုကွယ်"
"မသိဘူး လွမ်းတယ်။တွေ့နေရလည်းလွမ်းတယ်အန်တီရာ"
"လွမ်းပါ လွမ်းပါ တို့တကယ်မနိုင်ဘူးသိလား"
"ချစ်တာကိုလို့"
"ကဲ ဟင်းရည်လည်းပွက်ပြီ။ဟင်းရည်တွေစင်ပြီးပူနေမယ် ခုံမှာထိုင်တော့"
"ဟုတ်ကဲ့"
နုစကားကြောင့်ဖက်တွယ်ထားတဲ့လက်တွေကိုဖယ်ကာ ခုံမှာထိုင်လေသည်။ဟင်းရည်ခပ်ပြီးသည်နဲ့ နုလည်း မောင့်ရဲ့ဘေးမှာထိုင်လေသည်။မောင့်အကြိုက်တွေပဲ ရွေးချက်ထားသည်မို့ မောင့်ပန်းကန်ထဲထည့်ပေးရာ၌ အထွေအထူးရွေးစရာမလိုတော့။
ŞİMDİ OKUDUĞUN
"ေမာင့္ၾကင္နာသူ"(Completed)