Chapter 2

1.4K 90 0
                                    

Unicode

ကျောက်သင်ပုန်းအထက်မှာ ချိတ်ထားတဲ့နာရီရဲ့လက်တံတွေကနံနက် 11 နာရီ 45 မိနစ်ကိုညွှန်ပြနေတယ်။တရုတ်ဘာသာကိုယ်စားလှယ်နဲ့ အတန်းခေါင်းဆောင်ကလွဲပြီး တရုတ်စာအတန်းမှာနားထောင်သူမရှိနေဘူး။ သူတို့အားလုံးက ခြေထောက်တွေကို စိတ်မရှည်တဲ့ပုံနဲ့ လှုပ်ခတ်နေပြီးထမင်းစားခေါင်းလောင်းသံမြည်လာမယ့်အချိန်ကို စောင့်မျှော်နေကြတယ်။ ခေါင်းလောင်းသံမြည်ပြီးတာနဲ့ သူတို့အားလုံးက မီတာတစ်ရာအမြန်နှုန်းနဲ့ ကျဉ်းမြောင်းတဲ့တံခါးဝကနေချက်ချင်းပဲထွက်လာကြတော့တာပဲ

စက္ကန့်အနည်းငယ်ကြာတော့ စာသင်ခန်းထဲမှာ ငါ တစ်ယောက်ပဲ ကျန်တော့တယ်။သင်ကြားရေး ဒါရိုက်တာက အရှိန်လွန်ပြေးနေတဲ့ ကျောင်းသားတွေကို ကျယ်ကျယ်လောင်လောင် ပြစ်တင်ရှုတ်ချပြီးအပြစ်ပေးတော့တယ်။ကံမကောင်းတဲ့ ညီအစ်ကိုများ ကိုဖြတ်ကျော်ကာအေးအေးလူလူ လမ်းလျှောက်ရင်း ငါ့ရဲ့ရှေ့မှာထိုင်တဲ့သူရဲ့ဘောပင်အိတ်ကနေဖြဲခဲ့တဲ့ Peppa Pig တစ်ကောင်ပုံကိုဒါရိုက်တာရဲ့နောက် ကျောတစ်လျှောက်မှာကပ်ပေးလိုက်တယ်။ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ မတ်တပ်ရပ်နေတဲ့ ငါ့ညီအစ်ကိုတွေကငါ့ကိုလက်မထောင်ပြလာကြတယ်။

ငါကအလျင်စလိုစရာမရှိဘူးလေ ငါ့မှာ ကော ရှိတယ်။

အားလုံးထွက်ပြီးမှပဲ ငါ စာသင်ခန်းထဲက ဖြည်းညှင်းစွာထွက်လာခဲ့တယ်။ငါ ဖုန်းကိုထုတ်ကြည့်လိုက်တဲ့အချိန်မှာ မနေ့က ငါ့ကောကနေ့လည်စာစားဖို့ အပြင်ထွက်ရမယ်ဆိုပြီးပြောထားတာကိုရုတ်တရက်သတိရလိုက်တယ်။

သေစမ်း ငါ့နေ့လည်စာ။

ငါကအိမ်ပြန်တဲ့လမ်းမှာ အိတ်ကပ်တွေကို စမ်းကြည့်လိုက်တော့အိမ်သော့တွေ ယူမလာမှန်းသိလိုက်ရပြန်တယ်။အဲ့ဒါကြောင့်မလို့ ငါ့ကောကို သူ့ရဲ့တည် နေရာကို ပို့ခိုင်းလိုက်တယ်။တကယ်လို့ သူနေရာက အိမ်နဲ့နီးရင် ငါသော့သွားယူလို့ရတယ်။မဟုတ်ရင် တော့ အိမ်ဖော်အန်တီကြီးကငါ့ကိုတံခါးလာ
ဖွင့်ပေးတဲ့အထိစောင့်ရမှာပဲ။

ငါ့ ကော ပြောခဲ့ဖူးတဲ့ နေ့လည်စာအပြင်ထွက်စားခြင်းက အိမ်အပြန်လမ်းမှာ သူဌေးအကြီးစားအသိုင်းဝိုင်းတွေအရက်သေလောက်အောင်သောက်ပြီး အိမ်သာဖက်အန်တာကိုပြောချင်တာပဲငါ့ကော သူအလုပ်စလုပ်တဲ့ပထမနှစ်နှစ်လောက်က အရက်ကို နေ့တိုင်းမရပ်မနားသောက်ခဲ့ရတယ်။ မကြာသေးမီကမှ ပိုကောင်းလာခဲ့တာပဲ။

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now