Chapter 16

770 61 0
                                    

Unicode

ဒီရက်တွေအတွင်းမှာ ငါ့ကောနဲ့ ငါနဲ့ကြားကဆက်ဆံရေးကသိသိသာသာပြောင်းလဲသွားတယ်။အဲ့ဒါကပထမတော့ သူကငါ့နဲ့ကြားမှာ အကွာအဝေးတစ်ခုထားထားသလိုပဲ အဲ့ဒါနဲ့ငါလည်းသူနဲ့ မျက်လုံးချင်းတောင်မဆုံခဲ့ဘူး။ညမှာဆိုငါက ကျောင်းလွယ်အိတ်ကိုပြင်ဆင်ပြီးတာနဲ့ ငါ့ကောရဲ့အိပ်ရာထဲအရင်ဝင်အိပ်တော့တာပဲ မနက်ကျရင် တော့ ငါကောမနိုးသေးတာကိုအခွင့်ကောင်းယူပြီးလွယ်အိတ်ဆွဲပြီးကျောင်းကိုပြေးတော့တာပဲ။ငါ့ဆရာမကတောင် ငါကိုယ်ပိုင်စာကြည့်ချိန်တွေကိုဒီရက်အတွင်းမှန်မှန်တက်နေလို့ချီးကျူးနေသေးတယ်။

ငါ့ကောအကြောင်းခဏခဏတွေးမိနေတာကိုရှောင်ရှားဖို့ ငါအတန်းထဲမှာစိတ်မလွင့်အောင်နေလိုက်တယ်။ငါပျင်းနေပေမယ့်လည်းဆရာစာသင်တာကိုလိုက်နားထောင်တာကအရမ်းကြီးလဲမဆိုးပါဘူး

ရုပ်ဆိုးလျှို က စာမေးပွဲမေးခွန်းတွေကိုရှင်းပြပြီးတဲ့နောက်မှာတော့ သူကမေးနိုင်ချေရှိတဲ့မေးခွန်းတွေကိုကျောက်သင်ပုန်းမှာရေးပြီး မျက်မှန်သေးနဲ့ တစ်ယောက်ကိုဖြေခိုင်းခဲ့တယ်။မျက်မှန်သေးနဲ့တစ်ယောက်က အဆင့် ဆယ့်ငါးအတွင်းကမကျဖူးဘူးပြီးတော့ ငါတို့ကျောင်းကခရိုင်တွင်းအဓိကကျောင်းပဲ။ငါတို့အဆင့် 200 အတွင်းဆို တက္ကသိုလ်ကိုတိုက်ရိုက်လျှောက်လို့ရတယ်။(ငါကတော့ အဆင့် 1000 နဲ့အထက်မှာပဲ)

မျက်မှန်သေးနဲ့တစ်ယောက်က ကျောက်သင်ပုန်းပေါ်မှာရေးနေရင်းတဝက်တပျက်ရောက်တော့တစ်နေခဲ့တယ်။ငါသူ့ကိုပြောပြလိုက်တယ်။သူကခေါင်းငြိမ့်ပြီးဆက်ရေးလေရဲ့။ဒါပေမယ့် နှစ်ကြောင်းရေးပြီးနောက်မှာထပ်တစ်နေပြန်ရော အဲ့ဒါနဲ့ငါသူ့ကိုထပ်ပြီးပြောပြလိုက်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ငါသူနဲ့အတန်းနောက်ကကျောက်သင်ပုန်းမှာရက်အတော်ကြာအတူတူမတ်တပ်ရပ်ခဲ့တာပဲလေ။ငါတို့ကစာတော်တဲ့ကျောင်းသားနဲ့ အလယ်အလတ်ကျောင်းသားကြားကဆက်ဆံရေးဆိုတာရှိနေပြီပဲလေ အဲ့တာကြောင့်ငါသူ့ကို ကြည့်ရမဆိုးစေချင်ဘူး

အကြောင်းပြချက်တချို့ကြောင့် ငါ့ဆရာနဲ့အတန်းဖော်တွေကငါ့ကိုထူးဆန်းသလိုကြည့်လာကြတယ်။ငါ့ကောကဒီမေးခွန်းကိုအရင်ကရှင်းပြဖူးတယ်။ငါထင်လိုက်တာကအကုန်လုံးဒီမေးခွန်းကိုဘယ်လိုဖြေရမလဲဆိုတာသိပြီးတော့ ဒီတိုင်းမျက်မှန်သေးကို ဒီတိုင်းမပြောပြကြတာလို့ထင်လိုက်တာ။သေချာတာပေါ့ ငါ့ကောရဲ့ အရည်အချင်းက ဒီသာမာန်လူတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now