Chapter 5

1.1K 74 0
                                    

Warning NFSW⛔️

Unicode

ငါစင်မြင့်ပေါ်ကဆင်းတော့ အတန်းထဲကငါ့ရှေ့မှာထိုင်တဲ့ကောင်မလေးက ငါ့နောက်ကိုတိတ်တဆိတ် လိုက်လာတယ်။သူမကငါရဲ့ယူနီဖောင်းကိုလာဆွဲခဲ့တယ်။သူမရဲ့ သွယ်လျတဲ့ လက်ကောက်ဝတ်မှာငါ့ကောကငါ့အတွက် အလုပ်ခရီးက ဝယ်ပေးခဲ့တဲ့ စန္ဒကူးနီလက်ကောက်ရှိနေတယ်။ မိန်းကလေးတစ်ဦးလက်ပေါ်မှာတော့အလွန်ကြည့်ကောင်းနေခဲ့တယ်

ငါ သူ့မဆံပင်တွေကို ဖွလိုက်တယ်။သူမဆံပင်တွေက နူးညံ့ပြီး မွှေးကြိုင်နေတာကြောင့် သူမကို ခွင့်လွှတ်ခဲ့တယ်။

ဒါပေမယ့် ငါခေါင်းကို လှည့်ကြည့်လိုက်တော့ မြက်ခင်းလမ်းမှာ စောင့်နေတဲ့ ငါ့ ကောကိုတွေ့လိုက်ရတယ်။ သူက ငါတို့ကိုမြင်ပြီး လက်ပြနှုတ်ဆက်ရင်း ပြုံးပြတယ်။ ဒါပေမယ့် ကျောင်းရွှယ်ရဲ့လက်ကောက်ဝတ်တစ်ဝိုက်ရှိ စန္ဒကူးနီလက်ကောက်ကို တွေ့သွားတော့သူ့အကြည့်တွေကမှောင်မိုက်သွားခဲတော့တာပဲ။ငါ့မျက်လုံးတွေက ငါ့ကို လှည့်စားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကျောင်းရွယ်က ငါ့ကောကို ခေါင်းငြိမ့်နှုတ်ဆက်လိုက်ပြီး နီရဲနေတဲ့ မျက်လုံးများတွေနဲ့ အတန်းထဲကိုပြေးသွားတော့တယ်။ငါ့ကောကငါ့ဆံပင်တွေကိုဖွလိုက်ပြီးပုခုံးကိုဖက်ပြီးမေးလာတယ်။

"ဒီမိန်းကလေးက တော်တော်ချစ်စရာကောင်းတယ် မင်းသူမကိုကြိုက်လား?"

ငါကြိုက်တယ်လို့ ပြောလိုက်တယ်

ငါ့ကော က မမေးတော့ဘဲ အိမ်ပြန်ခေါ်သွားတယ်။တကယ်တော့ငါအရာတော်တော်များများကိုကြိုက် ခဲ့တယ်။ စာသင်ခန်းအပြင်ဘက်က တရုတ်ပညာရှင်သစ်ပင်ကြီး မိလ္လာပိုက်နားက လေလွင့်ခွေးလေးတွေကြောင်လေးတွေ၊ ကျောင်းရွှယ် နဲ့ ကာယပညာအတန်းမှာ ရေပေးခဲ့တဲ့ မိန်းကလေးတွေ။ ဒါပေမယ့် ငါ့ကောက သူ့မ တစ်ယောက်တည်းကိုပဲ သဘောကျတယ်လို့ ထင်ခဲ့တာ။ဒါက မျိုးဆက်ကွာဟတာကြောင့်လို့ ယူဆလို့ရတယ်

ညမှာတော့ ငါရေချိုးပြီးသူရဲ့စောင်ထဲကိုဝင်ကွေးလိုက်တယ်။ ငါ့ကောကတော့ သူ့ဖုန်းမှာစာရွက်စာတမ်းအချို့ဖွင့်ထားရင်းနဲ့ အိပ်ပျော်နေပြီ။ငါက သူ့ဖုန်းကို ကုတင်ဘေးမှာ အားသွင်းပေးပြီး သူ့ကျောကနေဖက်ထားပေးပြီးသူ့ကိုအိပ်စေလိုက်တယ်။

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now