Unicode
သူများတွေ အတန်းပြီးလို့ နေ့လည်ထမင်းစားချိန်ကို အခွင့်ကောင်းယူပြီး ငါအိပ်ရာကိုသန့်ရှင်းရေးလုပ်ဖို့ အဆောင်ကို အမြန်ပြန်လာခဲ့တယ်။ နေ့ခင်းနားချိန်က အရမ်းတိုလွန်းတယ်။တကယ်လို့ သူတို့ အိပ်ဖို့အိပ်ဆောင်ကိုပြန်လာတဲ့အချိန်ထိ ငါဗီဒိုတွေကိုဟိုရှာဒီရှာလုပ်နေသေးရင်မသင့်တော်ဘူးလေ
ကျောင်းမှာက ရောနှောနေတဲ့ တိုက်ခန်းတွေနဲ့ ကျောင်းသားအိပ်ဆောင်တွေဆိုပြီးရှိတယ်။ငါကအရင်ထဲကကျောင်းတွင်းမှာမနေဖူးဘူးအဲ့တော့ ငါက ကျောင်းသားအိပ်ဆောင်ထက်ပိုပြီးတော့ အဆင်ပြေတဲ့တိုက်ခန်းကိုမရွေးချယ်ဖြစ်ခဲ့ဘူး။ပြောရရင် အဲ့ဒါက တစ်နှစ်ကို ယွမ် 180 သာ ကုန်ကျပြီး အခန်းတစ်ခန်းမှာ ကုတင်ရှစ်လုံးနဲ့ စားပွဲတစ်လုံးရှိတယ်။ ခရီးဆောင်အိတ်တွေကို တံခါးနောက်ဘက်မှာရှိတဲ့ဗီဒိုထဲမှာသိမ်းထားခဲ့တယ်။ ငါ့ကောလိုမျိုးအသန့်ကြိုက်တဲ့သူနဲ့ အချိန်အတော်ကြာအတူနေပြီးနောက်မှာတော့ အိပ်ဆောင်ထဲက ခြေထောက်နံ့ လိုအနံ့မျိုးရလိုက်တော့ အဲ့ဒါကပိုပြီး ရင်းနှီးသလိုမျိုးငါတကယ်ကြီးခံစားလိုက်ရတယ်
ငါဒီမှာတစ်ခါမှမနေတော့ ငါ့ရဲ့ညီကိုတွေက ဒီနေရာကိုသူတို့ရဲ့ ပစ္စည်းတွေစွန့်ပစ်ထားဖို့နေရာအနေနဲ့အသုံးပြုခဲ့တယ်။ငါဒီတိုင်းအိပ်ရာကို ဖြန့်လိုက်ပြီးတော့ ခြင်ထောင်ထောင်နေတဲ့အချိန်မှာပဲ ငါ့ရဲ့ညီကိုတွေက သွားကြားထိုးနေရင်းတစ်ယောက်ပြီးတစ်ယောက်ဝင်လာခဲ့တယ်။သူတို့ကငါ့ကိုတွေ့တော့အံ့ဩသွားပြီး
"ထူးထူးဆန်းဆန်း ချမ်းသာတဲ့သခင်လေးက တောရွာဖက်ကိုဆင်းလာပြီးတော့ လူတွေရဲ့ဆင်းရဲဒုက္ခကိုလာခံစားတာလား?"
ငါလက်ရန်းကိုမှီလိုက်ပြီးတော့ပြောလိုက်တယ်
"မင်းမှာစားစရာတခုခုရှိလား?မြန်မြန်လေး ငါ့ကိုကူညီစမ်းပါ"
သူတို့က ငါ့အတွက်စားစရာတွေကို ဗီဒိုတွေလှန်လောပြီးရှာပေးကြတယ်။ငါငါ့ပါးစပ်ထဲကို ကြက်ဉချောင်းအစိမ်းနဲ့ အသင့်စားခေါက်ဆွဲထိုးသွပ်လိုက်ပြီးတရေးမအိပ်ခင် ဂိမ်းခဏလောက်ဆော့လိုက်သေးတယ်။လောင်လိန်ရဲ့ Wechat ကနေရုတ်တရက် noti တက်လာခဲ့လေတယ်

YOU ARE READING
ချန်မထားရက်ပါလေ(ဘာသာပြန်)
RomantikAssociated Names CBLB La Bu Xia LBX 落不下 Author Lin Qian Status in COO 41 Chapters + 2 Extras (Completed) I don't own this novel and just a fun translation This novel is incest type novel and please read at your own risk guys^_^