Unicode
warning suicide thoughts
အဲ့ဓာတ်ပုံတွေက မျှော်လင့်ထားတဲ့ အရှိန်နဲ့ ကျောင်းအတွင်း ပျံ့နှံ့သွားခဲ့တယ်။ ဒါကို ငါ့အဖေတစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုတာငါသိတယ်။ကူညီပေးတဲ့သူတစ်ယောက်ယောက်ရခဲ့တာပဲဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ပြောရမယ်ဆိုအဲ့ဒါကငါတို့တွေခံရမယ့်အပြစ်ဒဏ်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်
ငါ့ကိုထူးဆန်းသလို စိုက်ကြည့်တဲ့ အရေအတွက် တိုးလာတယ်။ အစတုန်းကတော့ ကွာခြားနေတာတွေကသိပ်မသိသာခဲ့ဘူး ဒီတိုင်းအရင်က ဘတ်စကတ်ဘောကွင်းမှာ ငါ့ကိုအားပေးတဲ့ကောင်မလေးတွေကအားမပေးကြတော့ဘူး။သူတို့ရဲ့မျက်လုံးတွေထဲမှာအရင်ကသဘောကျမူတွေကအခုတော့ဆန်းကြယ်နေပြီးတုံ့ဆိုင်းနေခဲ့ကြတယ်။ငါ့နောက်ကွယ်တချို့လူတွေငါ့အကြောင်းပြောတာကြားမိပါသေးတယ်
"သွမ့်ယန်ကပုံမှန်ဆိုအေးတိအေးစက်နဲ့ ချည်းကပ်ရခက်တဲ့သူမျိုးပါ သူကအဲ့လိုမျိုးလုပ်ပါ့မလား?အဲ့ဒါကနည်းနည်းတော့ယုံဖို့ခက်သလိုပဲ"
ကျောင်းဆင်းချိန်ကျတော့ ရှေ့မှာထိုင်နေတဲ့ ကောင်မလေးက ငါ့ကို စာသင်ခန်းနောက်ဘက်က လွတ်နေတဲ့နေရာဆီ ဆွဲခေါ်လာရင်း စိတ်လှုပ်ရှားနေပုံရတယ်။ ဒီနေရာက အမှိုက်ပုံကြီးနဲ့ အရမ်းနီးပြီပုပ်သိုးနေတဲ့ အနံ့အသက်တွေက လေထဲမှာ ပျံ့နှံ့နေခဲ့တယ်။ငါနဲ့တော်တော်ကြီးကိုလိုက်ဖက်နေတာပါပဲ
သူကတုန်ယင်နေရင်းတွန့်ကြေနေတဲ့ဓာတ်ပုံကိုထုတ်လာခဲ့တယ်။အဲ့ပုံကငါနဲ့ငါ့ကောနဲ့နက်နက်ရှိုင်းရှိုင်းနမ်းနေတဲ့ပုံပဲ
ငါသူမကိုစိုက်ကြည့်လိုက်တယ်။လူတွေကသူတို့စိတ်လှုပ်ရှားလာရင်းသူတို့ရဲ့ သူငယ်အိမ်တွေကကျုံ့သွားတတ်တာပဲ
"အဲ့ဒါက.....နင်လား?"
ကျန်းရွှယ်ရဲ့ အသံကတုန်လှုပ်နေခဲ့တယ်။ လှပတဲ့ မိန်းကလေးတစ်ယောက်အသဲကွဲတော့ အဲ့ဒါက ဖန်ခွက်တစ်ခုကြမ်းပြင်ပေါ်ကိုကျကွဲသွားသလိုမျိုးအသံနဲ့တူတယ်
"ဘာလို့လဲ...? နင်တို့ကသွေးရင်းညီကိုတွေလေ....လိင်တူချစ်ကြိုက်တာကိုတောင်လူတွေကလက်ခံဖို့ခက်ခဲနေတာကိုနင်တို့နှစ်ယောက်ဘာတွေလုပ်နေတာလဲ?နင်ရူးသွားပြီးလား?ဒါမှမဟုတ်နင့်ကောကောပဲရူးသွားတာလား?"
![](https://img.wattpad.com/cover/367761261-288-k11713.jpg)
YOU ARE READING
ချန်မထားရက်ပါလေ(ဘာသာပြန်)
RomanceAssociated Names CBLB La Bu Xia LBX 落不下 Author Lin Qian Status in COO 41 Chapters + 2 Extras (Completed) I don't own this novel and just a fun translation This novel is incest type novel and please read at your own risk guys^_^