Chapter 27

479 38 2
                                    

Unicode

ငါ သူ့ကို ညှင်ညှင်သာသာလေးပုတ်ပေးနေခဲ့တယ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူငါ့ကိုပုတ်ပေးခဲ့သလိုမျိုးပေါ့။ငါကငါ့လက်မောင်းတွေနဲ့ သူ့ကိုရစ်ပတ်ထားခဲ့တယ်။သူ့လက်မောင်းတွေက ငါ့ထက်ပိုကြီးတယ် အဲ့တော့ သူကငါ့ကိုအသာလေးဖိချနိုင်လေတယ်။ငါ့မှာပြန်တိုက်ဖို့အားတဲ့လက်လဲမရှိနေဘူး အဲ့တော့ နောက်ဆုံးအနေနဲ့ သူ့နှုတ်ခမ်းကိုကိုက်လိုက်တယ်။အဲ့အချိန်မှာ သူက ကြောင်သွားပြီးသူ့မျက်နှာကနီနေလေတယ်။ငါထင်တာက ငါနိုင်သွားပြီလို့လေ ဒါပေမယ့်အခုတော့ အဲ့တုန်းက ငါ့ကော ဘာတွေးမိသွားလဲဆိုတာကို သိချင်နေတော့တယ်

ဒီအမူးသမား ဟိုလှိမ့်ဒီလှိမ့်လုပ်နေတာကိုငါကြည့်နေခဲ့တယ်။သူအေးအေးချမ်းချမ်းမအိပ်နိုင်ဘူး သူ့မျက်ခုံးတွေက ထိစပ်လုနီးနီး တွန့်ကြုတ်နေခဲ့တယ်။ငါသူ့မျက်ခုံးတွေပြေလျော့သွားအောင်ကူညီပေးလိုက်တယ်။ငါရဲ့ လက်သည်းတွေနဲ့ သူ့ရဲ့အောက်နှုတ်ခမ်းပေါ်ခိုနားနေတဲ့ ခွေးသွားစွယ်ကိုလည်းတောက်လိုက်သေးတယ်

ငါ့ကောကအိပ်ပျော်နေချိန်မှာဆိုအရမ်းကို ရိုကျိုးတဲ့ပုံပေါ်တယ်။ငါ့ခန္ဓာကိုယ်ကို ဘေးတစောင်းလက်ထောက်လိုက်ပြီးတော့အဲ့ရိုကျိုးတဲ့ပုံလေးကိုငုံ့ကြည့်လိုက်တယ်။ငါသူ့ကို ငါ့ရင်ခွင်ထဲဆွဲသွင်းရင်းဖုန်းနဲ့ selfie ရိုက်လိုက်တော့တယ်။ပို့စ်မျိုးစုံလဲလုပ်ခဲ့သေးတယ် ငါ့ဆီက အနမ်းခံနေရတာတို့ ကိုက်ခံနေရတာတို့ပေါ့။ငါအဲ့ထဲကနေကြည့်အကောင်းဆုံးကိုရွေးလိုက်ပြီးတော့ ငါ့ရဲ့ Qzone နဲ့ moment မှာတင်ခဲ့သေးတယ် setting ကတော့ ငါ့ကော တစ်ယောက်ထဲမြင်နိုင်တာပေါ့

ငါ scrollဆွဲကြည့်နေရင်းနဲ့ လောင်လိန်က သူ့ကောင်မလေးနဲ့ လက်ကိုင်ပြီးရိုက်ထားတဲ့ပုံတင်ပြီးကြွားထားတာကိုတွေ့လိုက်ရတယ်။ဒါမျိုးငါလက်မခံနိုင်ဘူးလေ အဲ့ဒါနဲ့ ငါလည်း ငါ့ကောလက်ကိုကိုင်ပြီး ငါတို့နှစ်ယောက်လက်ချင်းဆုပ်ကိုင်ထားတဲ့ပုံကိုတင်လိုက်တယ်။ခဏနောက်စဉ်းစားပြီးနောက်မှာတော့ အဲ့ဒါကို ငါ့ကောပဲတွေ့နိုင်အောင်ထားထားတုန်းပဲ

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now