Chapter 8

1K 72 3
                                    

Unicode

ငါ့ကောက ပြောတယ် ငါက heat တက်နေတဲ့ ပူဒယ် ခွေးတစ်ကောင်လိုပဲတဲ့။ ငါမငြင်းခဲ့ဘူး ဘာလို့ဆို ငါ့အသက်အရွယ် ယောက်ျားလေးတိုင်းက heat တက်နေတဲ့ ပူဒယ်ခွေးလိုမျိုးတွေပဲကို

ငါတို့ မနက်ခင်းမှာပဲ စကားများခဲ့ကြရတယ်။ဘာလို့ဆို သူက သူအလုပ်တွေရှုပ်နေပြီး ဆုံးမဖို့ အချိန်မရှိလို့ ငါ့ကိုလမ်းမှားကို လျှောက်ခွင့်ပေးလိုက်မိတဲ့အတွက်ကြောင့် သူအိမ်ထောင်ပြုဖို့ မိန်းမရှာပြီး ငါ့ကို သေသေချာချာစည်းကမ်းကျအောင်ထိန်းကျောင်းခိုင်းမယ်လို့ပြောလာခဲ့လို့ပဲ

အဲဒီအချိန်မှာ ငါ့စိတ်တွေ လွတ်သွားခဲ့တယ်။ ငါပြောခဲ့တာတွေကိုတော့ အတိအကျ မမှတ်မိတော့ဘူး ဒါပေမယ့် ကြည့်ရတော့တော့ မင်း သတ္တိရှိရင် မိန်းမယူကြည့်လိုက် ငါသူမကို မုဒိမ်းကျင့်ပစ်မယ် လို့ပြောခဲ့သလိုပဲ။ငါ့ကောကငါ့မျက်နှာကိုရိုက်ခဲ့တယ်။

သူက ငါ့ကို ကျောင်းသွားခွင့်ပေးပြီး ညကျမှဒီအကြောင်းကို ထပ်ပြောမယ်လို့လည်းပြောခဲ့သေးတယ်။

အတန်းထဲမှာလည်း ငါစိတ်လွင့်နေခဲ့တယ်။ ငါ့ခေါင်းထဲကို ဘာမှ ဝင်မလာနိုင်တော့ဘူး။ ဆရာမက ငါ့နာမည်ကိုခေါ်လိုက်တဲ့အချိန်မှာ အတွေးပြန့်လွင့်နေတာနဲ့ ငါပြန်မဖြေမိလိုက်ဘူး။ သူမကငါ့ကို ဘောဖျက်နဲ့ပစ်ပေါက်ပြီးထွက်သွားဖို့ ပြောခဲ့တယ်။ ငါလဲစားပွဲကို လှန်ပြီး ပြေးထွက်လာလိုက်တော့တာပဲ

ညပိုင်းကိုယ်ပိုင်လေ့လာချိန်မရောက်ခင် ငါရှီးချန် ကို သွားရှာခဲ့တယ်။ သူ့အတန်းဖော်တွေက သူခွင့်ယူပြီးအိမ်ပြန်သွားတယ်လို့ဆိုခဲ့တယ်။ငါအရမ်းပျင်းနေရော အဲ့ဒါနဲ့ ကိုယ်ပိုင်စာကြည့်ချိန်ပထမချိန်ပြီးတာနဲ့ညီကိုတွေနဲ့ ဘတ်စကတ်ဘောတောင်မကစားတော့ပဲ ငါ့အိတ်ကိုယူပြီး ပြန်လာခဲ့လိုက်တော့တယ်။

အိမ်မှာ တစ်ယောက်ယောက်ရှိနေတယ်။လျှော်ဖွတ် ပြီးသား အိပ်ရာခင်းတွေကို လသာဆောင်မှာလှမ်းထားတာတွေ့လိုက်ရတယ်လေ။ ငါ့ကောကအသန့်ကြိုက်တဲ့ရောဂါရှိတယ်။ငါ သူ့ကုတင်ပေါ် လူးလိမ့်နေလို့ရပေမယ့် ငါ့မိဘတွေအပါအဝင်တခြားဘယ်သူ့ကိုမှထိုင်တောင်မထိုင်ခိုင်းဘူး

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now