Chapter 31

446 52 1
                                    

Unicode

ကောထွက်သွားတာတောင် ငါသူ့လက်ကိုစိုးရိမ်နေတုန်းပဲ။ငါ ချန်ရှင်းကော ကိုခေါ်ပြီး ဒေါက်တာနဲ့ချိန်းပေးဖို့ပြောလိုက်တယ်။ငါ့ကောအလုပ်ပြီးသွားရင် သူ့ကိုဖမ်းပြီးဆေးရုံကိုခေါ်သွားရမယ်

ချန်ရှင်းကောက ဒါကိုအခွင့်ကောင်းယူပြီးငါနဲ့စကားပြောလာခဲ့တယ်။ငါအခုတလောစိတ်အခြေအနေဘယ်လိုရှိလဲနဲ့ ငါ ငါ့ကောကိုဒေါသထွက်အောင်လုပ်မိလားဆိုပြီးမေးလာခဲ့တယ်။သေချာတာပေါ့ ငါတို့နှစ်ယောက်ကြားအပြင်းအထန်ရန်ဖြစ်ခဲ့တဲ့အကြောင်းကိုတော့ အလိမ်အညာလေးနဲ့ဖုံးကွယ်ရတာပေါ့ ဒါပေမယ့် ချန်ရှင်းကောကလဲ အသေးစိတ် မတူးဆွခဲ့ပါဘူး။ထပ်ပြီးတော့ ကောကသိပ်မကြာသေးခင်တုန်းကသူ့စီမှာပစ္စည်းတစ်ခုကျန်ခဲ့တယ်တဲ့ သူလဲအိမ်ပြောင်းဖို့ရှိတော့အဲ့ပစ္စည်းပျောက် သွားမှာစိုးလို့လာယူဖို့ပြောခဲ့တယ်

ငါ့ဖင်တကယ်နာနေတာ ဒါ‌ပေမယ့်အနာခံနိုင်အောင်ငါ့အထဲကိုဆေးနည်းနည်းလိမ်းလိုက်ပြီးတော့ သွားလိုက်တယ် ဘာလို့ဆို ညကျငါ့ကောပြန်လာရင်ဆေးရုံသွားရမှာဆိုတော့ငါ ပစ္စည်းသွားယူဖို့အချိန်မရှိဘူးလေ။တကယ်လို့ ငါသွားမယူရင် အဲ့ပစ္စည်းက ချန်ရှင်းကောကိုပိုပြီးဒုက္ခများ စေလိမ့်မယ်ပြီးတော့ ငါ့ကောက လူတွေကို တကယ်ကြီး ဒုက္ခပေးရတာမကြိုက်ဘူးဆိုတာငါသိတယ်လေ။(ငါ့ကောက လူတွေကိုသူ့အတွက်တခုခုခိုင်းတော့မယ်ဆိုရင် အဲ့လူကိုအကျိုးမယုတ်စေတဲ့အပြင် သူကလည်းသူငယ်ချင်းတွေဆီက ဘယ်တော့မှအခွင့်ကောင်းမယူဘူး)

ငါရောက်သွားတဲ့အချိန်ကျတော့ချန်ရှင်းကောက ငါ့မျက်နှာပေါ်ကဖူးယောင်တဲ့အထိအရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ လည်ပင်းပေါ်က လည်ပင်းညှစ်ခံထားရတဲ့လက်ရာကိုစိတ်ဝင်စားနေခဲ့တယ်။သူကငါ့ကိုရေခဲကပ်ပေးခဲ့ပြီးတော့ ကျောင်းတွင်းအကြမ်းဖက်ခံနေရတာလားဆိုပြီးမေးမြန်းခဲ့တယ်။တကယ်တမ်းတော့ အဲ့ဒါက အရမ်းကိုကြမ်းတမ်းတဲ့ငါ့ကောင်မလေးကြောင့်ပါပဲ

သူက သစ်သားသေတ္တာလေးကိုကမ်းပေးလာတယ်။ ကြီးကြီးမားမားပစ္စည်းဖြစ်လိမ့်မယ်လို့ငါထင်ခဲ့တာ ဒါပေမယ့်လက်တဝါးစာဘူးလေးတဲ့။အဲ့ဒါကဘယ်လောက်နေရာယူနိုင်မှာမလို့လဲ

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now