Chapter 22

770 54 2
                                    

Unicode

မနက်မိုးလင်းတော့ ကောကကျောင်းကနေခွင့်တိုင်ပေးခဲ့တယ်။ငါ့ဒဏ်ရာတွေကိုကုသပေးဖို့ဆေးရုံကိုခေါ်သွားမယ်လို့ထင်ခဲ့တာဒါပေမယ့် အဲ့အစား တိုက် ခန်းတစ်ခုကိုပဲခေါ်လာခဲ့တယ်။ရွှေရောင်မျက်မှန်ကိုင်းနဲ့မျက်မှန်ဝတ်ထားတဲ့ယောကျ်ားတစ်ယောက်က တိုက်ခန်းထဲမှာငါတို့ကိုစောင့်နေခဲ့တယ်။

အဲ့လူကငါသိတဲ့သူဖြစ်ကြောင်းအတည်မပြုခင်မှာငါသူ့ကိခြေဆုံးခေါင်းဆုံးကြည့်လိုက်သေးတယ်။နှစ်နှစ် သုံးနှစ်လောက်တိုင်း ငါ့ကောက ငါ့ကို သူ့ဆီခေါ်လာတတ်တယ်။ဒီတစ်ယောက်က ငါ့ကောရဲ့ သူငယ်ချင်းကောင်းပဲ။ငါသူ့နာမည်ကိုတော့မမှတ်မိဘူး ငါ့ကောက ငါ့ကို သူ့ကိုချန်ကောကိုနှုတ်ဆက်လိုက်ဦးဆိုပြီးသတိပေးတော့မှသူ့နာမည်က ချန်ရှင်း ဆိုတာကိုမှတ်မိတော့တယ်

ငါ သူ့ကို မကြိုက်ဘူး ဘာလို့လဲ ဆိုတော့ သူကကောနဲ့ဆိုအရမ်းရင်းရင်းနှီးနှီးနေတတ်လို့

ထင်ထားတဲ့အတိုင်းပဲချန်ကောကငါ့ကောနဲ့စကားပြောနေရင်း ငါ့ကောရဲ့ ရင်ဘတ် ခါးနဲ့ကျောကိုထိဖို့ လက်ဆန့်ထုတ်လာတယ်လေ။ငါချက်ချင်းပဲ သူ့ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီးတော့ ငါ့ကောကိုငါ့နောက်ကိုဆွဲပို့လိုက်တယ် ပြီးတော့ အဲ့လူကိုရန်လိုစွာနဲ့ကြည့်လိုက်တယ်

ငါ့ကောက တကယ်အရမ်းလှတယ်။အပြင်မှာဆိုရင် သူကမျက်စိကိုဖမ်းစားနိုင်တဲ့ အနုပညာလက်ရာမြောက်တဲ့ပန်းချီကားတစ်ချပ်လိုပဲ။ယောကျ်ားတွေမိန်းမတွေအကုန်လုံးက သူ့ရဲ့ဆွဲဆောင်မူကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ကြည့်ရတာတော့ ငါသူ့လည်ပင်းမှာ တန်ဖိုးကြီးတယ် ကျေးဇူးပြု၍မထိပါနဲ့ လို့ ဆိုင်းဘုတ်ဆွဲထားမှရမယ်ထင်တယ်။ငါ ငါ့ကောမှာ ပုံမှန်ဆို သက်တော်စောင့်ရှိလားမရှိလားဆိုတာငါမသိဘူး။တကယ်လို့မရှိရင် ငါသူ့ကိုကာကွယ်ရမှာပဲ

"စိတ်လျှော့ပါ ရှောင်ယန်ငါ သူ့ရဲ့ဒဏ်ရာတွေကို စစ်ဆေးနေတာပါ"

ချန်ရှင်းက ငါ့ကိုအနည်းငယ်တွန်းပြီးတော့ပြောလာခဲ့တယ်

"မင်းကော်ဖီနည်းနည်းလောက်သွားဖျော်ရင်ရောဘယ်လိုလဲ?ငါဒီနေ့ငါ့အိမ်ကနေပြီး ကော်ဖီစေ့ထုပ်နည်းနည်းယူလာတယ်"

ချန်မထားရက်ပါလေ(ဘာသာပြန်)Where stories live. Discover now